Quran with Burmese translation - Surah Saba’ ayat 22 - سَبإ - Page - Juz 22
﴿قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِ ٱللَّهِ لَا يَمۡلِكُونَ مِثۡقَالَ ذَرَّةٖ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِ وَمَا لَهُمۡ فِيهِمَا مِن شِرۡكٖ وَمَا لَهُۥ مِنۡهُم مِّن ظَهِيرٖ ﴾
[سَبإ: 22]
﴿قل ادعوا الذين زعمتم من دون الله لا يملكون مثقال ذرة في﴾ [سَبإ: 22]
Ba Sein ၂၂။ အို-မိုဟမ္မဒ်၊ မိစ္ဆာယုတ်တို့အား ဟောကြားလော့၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်မှတပါး သင်တို့ကိုးကွယ် သောဘုရားတုများထံတွင် ဆုပန်ကြားကြလော့၊ သူတို့သည် မိုးကောင်းကင်မှာသော်လည်းကောင်း၊ ကမ္ဘာမြေကြီး မှာသော်လည်းကောင်း၊ ဝေစုတစ်စုံတစ်ခုမျှမရှိချေ၊ သူတို့အနက် တစ်စုံတစ်ယောက်မျှ အရှင်မြတ်၏ အရံ၊ သို့မဟုတ် လက်ထောက်ဘုရားမဟုတ်ချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်(ကိုးကွယ်ရာဘုရားများဖြစ်ကြသည်ဟု) မိမိတို့ထင်မှတ် ကိုးကွယ်ခဲ့ကြသောသူတို့အားဟစ်ခေါ်ကြလေကုန်။ ထိုသူတို့သည်မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊နှမ်းစေ့ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါးယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၌ ၎င်းတို့၏ ဖက်စပ်မှုဟူ၍လည်း လုံးဝမရှိပေ။ ထိုနည်းတူစွာ ၎င်းတို့အနက်ထိုအရှင်မြတ်အား ယိုင်းပင်းကူညီသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ထင်မှတ်ကိုးကွယ်ခဲ့ကြသည့်သူများကို ဟစ်ခေါ်ကြပါ။ သူတို့သည် မိုးကောင်းကင်များနှင့် မြေပထဝီတွင် နှမ်းစေ့မျှပင် ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထို့ပြင် ထိုနှစ်ခု၌ သူတို့၏ဖက်စပ်ပါဝင်မှုလည်း လုံးဝမရှိပေ။ ထို့ပြင် သူတို့ထဲမှ အရှင်မြတ်အား ရိုင်းပင်းကူညီသူလည်း မည်သူမျှမရှိပေ။ |