Quran with Burmese translation - Surah Saba’ ayat 30 - سَبإ - Page - Juz 22
﴿قُل لَّكُم مِّيعَادُ يَوۡمٖ لَّا تَسۡتَـٔۡخِرُونَ عَنۡهُ سَاعَةٗ وَلَا تَسۡتَقۡدِمُونَ ﴾
[سَبإ: 30]
﴿قل لكم ميعاد يوم لا تستأخرون عنه ساعة ولا تستقدمون﴾ [سَبإ: 30]
Ba Sein ၃ဝ။ အို-တမန်တော်မိုဟမ္မဒ်၊ ဟောပြောလော့၊ သင်တို့အား ချိန်းဆိုသောနေ့တော်ကြီးသည် သင်တို့တစ်နာရီမျှပင် နောက်ဆိုင်း၍သော်လည်းကောင်း၊ ရှေ့တိုး၍သော်လည်းကောင်း မရသောနေ့ဖြစ်၏။ |
Ghazi Mohammad Hashim အသင်သည် ဖြေကြားပါလေ၊(အချင်းတို့၊)အသင်တို့အား အထူးနေ့တစ်နေ့ကို ချိန်းချက်ထားသည်ဖြစ်ပေရာ၊အသင်တို့သည် ယင်းချိန်းချက်ထားသောနေ့မှ အချိန် အနည်းငယ်ခန့်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ၊ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ပြီတကား။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့အား ချိန်းဆိုထားသည့်နေ့သည် သတ်မှတ်ထားပြီးသည့်နေ့ပင် ဖြစ်သည်။ အသင်တို့သည် ထိုနေ့မှ အချိန်အနည်းငယ် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ၊ ရှေ့တိုုးနိုင်ကြမည်လည်း မဟုတ်ပေ။ |