×

ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့က ''ကျွန်ုပ်တို့ သည် ဤကုရ်အာန်ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ်နှင့် (ယခင်က ချမှတ်ပေးအပ် တော်မူပြီး 34:31 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:31) ayat 31 in Burmese

34:31 Surah Saba’ ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 31 - سَبإ - Page - Juz 22

﴿وَقَالَ ٱلَّذِينَ كَفَرُواْ لَن نُّؤۡمِنَ بِهَٰذَا ٱلۡقُرۡءَانِ وَلَا بِٱلَّذِي بَيۡنَ يَدَيۡهِۗ وَلَوۡ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ مَوۡقُوفُونَ عِندَ رَبِّهِمۡ يَرۡجِعُ بَعۡضُهُمۡ إِلَىٰ بَعۡضٍ ٱلۡقَوۡلَ يَقُولُ ٱلَّذِينَ ٱسۡتُضۡعِفُواْ لِلَّذِينَ ٱسۡتَكۡبَرُواْ لَوۡلَآ أَنتُمۡ لَكُنَّا مُؤۡمِنِينَ ﴾
[سَبإ: 31]

ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့က ''ကျွန်ုပ်တို့ သည် ဤကုရ်အာန်ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ်နှင့် (ယခင်က ချမှတ်ပေးအပ် တော်မူပြီး သူတို့လက်ဝယ်၌ရှိနေသော) မည်သည့်ရှေးကျသောအရာကိုမျှ အလျှင်း ယုံကြည်မည်မဟုတ်'' ဟု ပြောဆိုကြ၏။ အကယ်၍ အသင် (တမန်တော်) သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများက သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းခံကြရ၍ အ ချင်းချင်း တစ်ဦးကိုတစ်ဦး အချို့ကိုအချို့ နောက်ကြောင်းပြန်၍ အပြစ်ပုံကြလျက် (လောကီဘဝ၌ နှိမ့်ချခံရမှု ညှင်း ပန်းနှပ်စက်ခံရမှုနှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှားရောက်ကြပြီး) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့က မာန်မာနထောင်လွှား၍ နိုင်လိုမင်း ထက် ဖိနှိပ်ခဲ့ကြသူတို့အား ''အကယ်၍ သင်တို့သာ မရှိခဲ့ကြ လျှင် ကျွန်ုပ်တို့သည် အမှန်ပင် သက်ဝင်ယုံကြည်သူများ ဖြစ်ကြမည်။'' ဟု ပြောဆိုကြမည်ကို မြင်တွေ့ရလျှင် ကောင်းလေစွ။

❮ Previous Next ❯

ترجمة: وقال الذين كفروا لن نؤمن بهذا القرآن ولا بالذي بين يديه ولو, باللغة البورمية

﴿وقال الذين كفروا لن نؤمن بهذا القرآن ولا بالذي بين يديه ولو﴾ [سَبإ: 31]

Ba Sein
၃၁။ ထို့အပြင်အယူလွဲသူများဆိုကြသည်မှာ ငါတို့သည် ဤကုရ်အာန်ကျမ်းတော်ကိုသော်လည်းကောင်း၊ ထိုကျမ်း အလျင် ချပေးသနားတော်မူသောကျမ်းတော်များကိုသော်လည်းကောင်း၊ ယုံကြည်သည်မဟုတ်ချေ၊ အို---တမန်တော်၊ မကောင်းမှုကျူးလွန်သူများကို ၎င်းတို့၏ အသက်သခင်ကျေးဇူးရှင်ရှေ့တော်သို့ ယူဆောင်လာသော အခါ သူတို့အချင်းချင်းအပြစ်တင်ပြောဆိုနေပုံ၊ လောကဓာတ်တွင် အထင်သေးအမြင်သေးခံရ၍ အောက်ကျ နောက်ကျဖြစ်သူတို့က မာန်မာနထောင်လွှားသူတို့အား သင်တို့ကြောင့်သာ မဟုတ်ခဲ့လျှင် ငါတို့သည် အယူမှန်သူ၊ ယုံကြည်သူများဖြစ်ခဲ့ကြလတ့ံဟု ပြောပုံဆိုပုံကို သင်မြင်ရလျှင် တော်လေစွ။
Ghazi Mohammad Hashim
၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း များကိုလည်းကောင်း၊ အလျဉ်းယုံကြည်မည်မဟုတ် ဟု ပြောဆိုကြကုန်၏။ စင်စစ်သော်ကားမတရားကျူးလွန်ကြကုန်သောသူတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းကိုခံကြရ၍ အချင်းချင်း တစ်ဦးသည်တစ်ဦး၏အပေါ်သို့ အပြစ်လှည့်ချကြသည်ကို အသင် တွေ့မြင်ရလျှင်ကောင်းလေစွ။ (ထိုအခါ) နောက်လိုက်ငယ်သားတို့က အကြီးအကဲတို့အား အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင်’မုအ်မင်န်’သက်ဝင်ယုံကြည်သူများဖြစ်ကြ မည်ဟု ပြောဆိုကြပေမည်။
Hashim Tin Myint
ထို့ပြင် ကာဖိရ်များက “ကျွန်ုပ်တို့သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်နှင့် ၎င်းမတိုင်မီက ကျမ်းများအား လုံဝ ယုံကြည်ကြမည်မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် မတရားကျူးလွန်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌မှောက်တွင် မတ်တတ်ရပ်‌စေခြင်းခံရပြီး အချင်းချင်း တစ်ဦးအ‌ပေါ်တစ်ဦး အပြစ်ပုံချသည်ကို အသင်မြင်ရလျှင် အဘယ်မျှ အံ့ဩလိုက်မည်နည်း။ (ထိုအခါ) ‌နောက်လိုက်များက အကြီးအကဲများအား “အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင် အီမာန်ယုံကြည်သူများဖြစ်ကြလိမ့်မည်“ဟု ‌ပြောဆိုကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek