×

ငါအရှင်မြတ်သည် (ထိုမြို့ရွာဒေသ၏ပြည်သူများဖြစ်ကြသော) သူတို့ထံသို့ (သတင်းဆောင် ရစူလ်တမန်တော်) နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ သူတို့က ထိုနှစ်ပါးလုံးအား မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ 36:14 Burmese translation

Quran infoBurmeseSurah Ya-Sin ⮕ (36:14) ayat 14 in Burmese

36:14 Surah Ya-Sin ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah Ya-Sin ayat 14 - يسٓ - Page - Juz 22

﴿إِذۡ أَرۡسَلۡنَآ إِلَيۡهِمُ ٱثۡنَيۡنِ فَكَذَّبُوهُمَا فَعَزَّزۡنَا بِثَالِثٖ فَقَالُوٓاْ إِنَّآ إِلَيۡكُم مُّرۡسَلُونَ ﴾
[يسٓ: 14]

ငါအရှင်မြတ်သည် (ထိုမြို့ရွာဒေသ၏ပြည်သူများဖြစ်ကြသော) သူတို့ထံသို့ (သတင်းဆောင် ရစူလ်တမန်တော်) နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ သူတို့က ထိုနှစ်ပါးလုံးအား မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြသောကြောင့် (ထိုနှစ်ပါးကို) တတိယမြောက်တစ်ပါးဖြင့် အားဖြည့်စေတော်မူခဲ့ရာ သူတို့က “ဧကန်ပင်၊ ကျွန်ုပ်တို့သည် (အရှင့်အမိန့်ပညတ်ချက်များကို ပို့ချရန် စေလွှတ်တော်မူခြင်းခံရသော) အရှင့်သတင်းဆောင် ရစူလ်တမန်တော်များပင် ဖြစ်ကြသည်။” ဟု ပြောဆို့ခဲ့ကြ၏။

❮ Previous Next ❯

ترجمة: إذ أرسلنا إليهم اثنين فكذبوهما فعززنا بثالث فقالوا إنا إليكم مرسلون, باللغة البورمية

﴿إذ أرسلنا إليهم اثنين فكذبوهما فعززنا بثالث فقالوا إنا إليكم مرسلون﴾ [يسٓ: 14]

Ba Sein
၁၄။ ငါသည် ထိုမြို့သူမြို့သားတို့ထံ တမန်တော်နှစ်ပါးကို ရှေးဦးစွာစေလွှတ်တော်မူသောအခါ သူတို့သည် တမန်တော် များကို မယုံကြည်ငြင်းပယ်ကြ၏၊ သို့သော်ငါသည် ထိုတမန်တော်တို့ကို တတိယတမန်တော်အားဖြင့် ဖြည့်တင်း တော်မူ၏၊ သူတို့ဟောပြောကြသည်မှာ အချင်းတို့၊ သင်တို့အား သမ္မာတရားတော်ကို ဟောပြောသွန်သင်ပေး ဖို့ရာ ငါတို့ကို အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူ၏။
Ghazi Mohammad Hashim
အကြင်အခါဝယ် ငါအရှင်မြတ်သည် ထိုမြို့သူမြို့သားတို့ထံ (ရစူလ်တမန်တော်)နှစ်ပါးကို စေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ထိုနှစ်ပါးလုံးအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် တတိယ(ရစူလ်တမန်တော်)တစ်ပါးကို (စေလွှတ်တော်မူခြင်းအား)ဖြင့်(အားအင် တိုးတက်စေ)တော်မူခဲ့၏။ ထိုအခါ ထိုရစူလ်တမန်တော်တို့က "စင်စစ်ဧကန် ငါတို့သည် အသင်တို့ထံ စေလွှတ်ခြင်းခံကြရသော (ရစူလ်တမန်တော်များပင်) ဖြစ်ကြသည်" ဟုပြောကြားခဲ့ကြကုန်၏။
Hashim Tin Myint
ထိုစဉ်က ငါအရှင်မြတ်သည် သူတို့ထံသို့ တမန်‌တော်နှစ်ပါးကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့က ထိုနှစ်ပါးလုံးအား လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် တတိယ တမန်‌တော်တစ်ပါးနှင့် အင်အားဖြည့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့က အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ထံသို့ ‌စေလွှတ်ခြင်းခံကြရ‌သော တမန်‌တော်များဖြစ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek