×

(အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်ကြောင်းနှင့်အရာခပ်သိမ်းသည် အရှင့်အချုပ်အခြာ၌ ရှိကြောင်းကို တောက်ပြသော သက်သေများအနက်မှ) အာယသ်သက်သေလက္ခဏာတော်တစ်ရပ်မှာ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့နှင့်သူတို့၏သားစဉ်မြေးတို့အတွက် ရေယာဉ်သင်္ဘောများပေါ်၌ ကုန်စည်ဝန်ဆောင်များကို 36:41 Burmese translation

Quran infoBurmeseSurah Ya-Sin ⮕ (36:41) ayat 41 in Burmese

36:41 Surah Ya-Sin ayat 41 in Burmese (البورمية)

Quran with Burmese translation - Surah Ya-Sin ayat 41 - يسٓ - Page - Juz 23

﴿وَءَايَةٞ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ ﴾
[يسٓ: 41]

(အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်ကြောင်းနှင့်အရာခပ်သိမ်းသည် အရှင့်အချုပ်အခြာ၌ ရှိကြောင်းကို တောက်ပြသော သက်သေများအနက်မှ) အာယသ်သက်သေလက္ခဏာတော်တစ်ရပ်မှာ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့နှင့်သူတို့၏သားစဉ်မြေးတို့အတွက် ရေယာဉ်သင်္ဘောများပေါ်၌ ကုန်စည်ဝန်ဆောင်များကို တင်ဆောင်၍ (နစ်မြုပ်ခြင်းမရှိဘဲ ခုတ်မောင်း) သယ်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: وآية لهم أنا حملنا ذريتهم في الفلك المشحون, باللغة البورمية

﴿وآية لهم أنا حملنا ذريتهم في الفلك المشحون﴾ [يسٓ: 41]

Ba Sein
၄၁။ ထို့အပြင်သူတို့အတွက် ငါ၏တပါးသောနိမိတ်လက္ခဏာတော်မှာ လူသား၏အဆက်အနွယ်များကို သက်ရှိသက်မဲ့ အစာရိက္ခာပြည့်နှက်စွာပါရှိသောသင်္ဘောထက်သို့ တက်စေ၍ သူတို့အား ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးစဉ်အခါဝယ် ငါယူဆောင်ကယ်တင်တော်မူ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ၎င်းတို့အဖို့ သက်သေလက္ခဏာတစ်ရပ်မှာ ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့၏ သားမြေးတို့အား ဝန်ကုန်အပြည့်တင်ထားသော သင်္ဘောပေါ်၌ တင်ဆောင်စီးနင်း စေတော်မူခြင်းပင် ဖြစ်၏။
Hashim Tin Myint
ထို့ပြင် သူတို့အတွက် သက်‌သေသာဓကတစ်ခုမှာ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏သား‌မြေးများကို ဝန်အပြည့်တင်ထား‌သော သ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်စီးနင်း‌စေ‌တော်မူခြင်းပင် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek