Quran with Burmese translation - Surah Ya-Sin ayat 52 - يسٓ - Page - Juz 23
﴿قَالُواْ يَٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜۗ هَٰذَا مَا وَعَدَ ٱلرَّحۡمَٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ ﴾
[يسٓ: 52]
﴿قالوا ياويلنا من بعثنا من مرقدنا هذا ما وعد الرحمن وصدق المرسلون﴾ [يسٓ: 52]
Ba Sein ၅၂။ ထိုအခါသူတို့ညည်းညူမြည်တမ်းကြမည်မှာ ငါတို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်လေစွ၊ ငါတို့ကို ငြိမ်သက်စွာ အိပ်နေရာမှ အဘယ်သူသည် ထစေပါသနည်း၊ အသံတစ်ခုက ပြန်ပြောသည်မှာ ဤဟာသည် မဟာဂရုဏာ တော်ရှင်အလ္လာဟ်အရှင်မြတ်ကတိသစ္စာထားတော်မူသောရှင်ပြန်ထမြောက်ခြင်းပေတည်း၊ တမန်တော်တို့၏ ဟောပြောချက်သည် မှန်ပေစွ။ |
Ghazi Mohammad Hashim ၎င်းတို့က "ဪ-ငါတို့သည် အကျိုးနည်း ကြရလေခြင်း။ မည်သူသည် ငါတို့အား ငါတို့၏အိပ်ရာမှ ထစေသတည်း" ဟု ပြောဆိုညည်းညူကြပေမည်။ (ထိုအခါ "မလာအိကဟ်" ကောင်းကင်တမန်များက ဖြေကြားကြပေမည်။) ဤသည် "ရဟ်မာန်" အနန္တကရုဏာတော်ရှင် ချိန်းချက်ထားတော်မူခဲ့သော ချိန်းချက်ပင်ဖြစ်၏။ စင်စစ် ရစူလ်တမန်တော်များသည် မှန်ကန်စွာ ပြောကြားခဲ့ကြပေသည်။ |
Hashim Tin Myint သူတို့က ဪ- ငါတို့သည် ပျက်စီးရလေခြင်းပင်။ မည်သူက ငါတို့အား ငါတို့၏အိပ်ရာမှ ထစေသနည်းဟု ပြောဆိုညည်းညူကြမည်ဖြစ်သည်။ (ကောင်းကင်တမန်များက ဖြေကြားမည်)- ဤသည် ရဟ်မာန် အနန္တကရုဏာတော်ရှင်က ချိန်းဆိုထားတော်မူခဲ့သော ချိန်းဆိုချက်ပင်ဖြစ်သည်။ ထို့ပြင် တမန်တော်များသည် မှန်ကန်စွာပင် ပြောဆိုခဲ့ကြသည်ဖြစ်သည်။ |