Quran with Burmese translation - Surah Ya-Sin ayat 6 - يسٓ - Page - Juz 22
﴿لِتُنذِرَ قَوۡمٗا مَّآ أُنذِرَ ءَابَآؤُهُمۡ فَهُمۡ غَٰفِلُونَ ﴾
[يسٓ: 6]
﴿لتنذر قوما ما أنذر آباؤهم فهم غافلون﴾ [يسٓ: 6]
Ba Sein ၆။ မိမိတို့မိဘများလည်း အဆုံးအမမခံရကြ၊ မိမိတို့လည်း တရားတော်ကို အရေးမစိုက်၊ ထိုသူမိုက်တို့အား ဆုံးမသွန်သင်ဖို့ရာ ဤကျမ်းတော်မြတ်ကို ချပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim (ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။ |
Hashim Tin Myint (ထိုသို့ချပေးတော်မူခြင်းမှာ) အသင်(တမန်တော်)သည် အကြင်အမျိုးသားများကို သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။* ထိုအမျိုးသားများ၏ အဘ၊ ဘိုး၊ ဘေးများသည် သတိပေးနှိုးဆော်ခြင်း မခံခဲ့ကြရပေ။ သို့ဖြစ်ရာ သူတို့သည် (တရား)မသိသူများဖြစ်နေကြသည်။ |