×

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ကို “သူတို့အား ဖွဲ့စည်းဖြစ်တည်စေခြင်းသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော၊ သို့မဟုတ် 37:11 Burmese translation

Quran infoBurmeseSurah As-saffat ⮕ (37:11) ayat 11 in Burmese

37:11 Surah As-saffat ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah As-saffat ayat 11 - الصَّافَات - Page - Juz 23

﴿فَٱسۡتَفۡتِهِمۡ أَهُمۡ أَشَدُّ خَلۡقًا أَم مَّنۡ خَلَقۡنَآۚ إِنَّا خَلَقۡنَٰهُم مِّن طِينٖ لَّازِبِۭ ﴾
[الصَّافَات: 11]

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ကို “သူတို့အား ဖွဲ့စည်းဖြစ်တည်စေခြင်းသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော၊ သို့မဟုတ် ငါအရှင်မြတ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော (စကြဝဠာ၊ ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ မြေကမ္ဘာ၊ သက်သက်မဲ့ အစရှိသည့်) ဖွဲ့စည်းဖြစ်တည်စေတော် မူခြင်းခံရသောအရာများသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား စေးကပ်သောမြေစေးဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။” ဟု မေးမြန်းလော့။

❮ Previous Next ❯

ترجمة: فاستفتهم أهم أشد خلقا أم من خلقنا إنا خلقناهم من طين لازب, باللغة البورمية

﴿فاستفتهم أهم أشد خلقا أم من خلقنا إنا خلقناهم من طين لازب﴾ [الصَّافَات: 11]

Ba Sein
၁၁။ အို-တမန်တော်၊ မိစ္ဆာဒိဋ္ဌိတို့အား မေးလော့၊ ဟယ်-အချင်းတို့၊ သင်တို့ကို ဖန်ဆင်းခြင်းက သာလွန်ခဲယဉ်း သလော၊ သို့မဟုတ်ကောင်းကင်မိုးမြေနက္ခတ်တာရာတို့ကို ဖန်ဆင်းခြင်းက သာလွန်ခဲယဉ်းသလော၊ မှတ်သား ကြလော့၊ ငါအရှင်မြတ်သည် သူတို့ကို ရွှံ့မြေစေးမှ ဖန်ဆင်းတော်မူ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား မေးမြန်းပါလေ။ ၎င်းတို့အား ဖန်ဆင်းခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည့် (ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ ပထဝီမြေ၊ အဖန်ဆင်းခံများအား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော)။ဧကန်မလွဲ ငါ အရှင်မြတ်သည် ၎င်းတို့အား စေးကပ်သော မြေကြီးမြေစေးဖြင့် ဖန်ဆင်းတော်မူခဲ့၏။
Hashim Tin Myint
ထို့‌နောက် အသင်(တမန်‌တော်)သည် သူတို့အား ‌မေးမြန်းလိုက်ပါ- သူတို့အား ဖန်ဆင်းခြင်းသည် ပို၍ခက်ခဲသ‌လော၊ သို့မဟုတ် ငါအရှင်မြတ် ဖန်ဆင်း‌တော်မူခဲ့သည့်အရာများ(ထိုအဖန်ဆင်းခံများအားလုံးကို ဖန်ဆင်း‌တော်မူခြင်းသည် ပို၍ခက်ခဲသ‌လော)။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ရွွှံ့‌စေးနှင့် ဖန်ဆင်း‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek