×

(အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့၏ထိုးနှက်ပြောဆိုချက်များအပေါ် (အလေးမထားဘဲ တရားလမ်းမှန်၌ မားမားမတ်မတ်ရပ်တည်လျက် ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံလော့။ ထို့ပြင် အ 38:17 Burmese translation

Quran infoBurmeseSurah sad ⮕ (38:17) ayat 17 in Burmese

38:17 Surah sad ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah sad ayat 17 - صٓ - Page - Juz 23

﴿ٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱذۡكُرۡ عَبۡدَنَا دَاوُۥدَ ذَا ٱلۡأَيۡدِۖ إِنَّهُۥٓ أَوَّابٌ ﴾
[صٓ: 17]

(အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့၏ထိုးနှက်ပြောဆိုချက်များအပေါ် (အလေးမထားဘဲ တရားလမ်းမှန်၌ မားမားမတ်မတ်ရပ်တည်လျက် ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံလော့။ ထို့ပြင် အ သင်သည် ငါအရှင်မြတ်၏အစေခံအမှုတော်ဆောင်လည်းဖြစ် (ဉာဏ်ပညာ၊ ဩဇာအာဏာ၊ အုပ်ချုပ်မှု၊ စစ်ရေး၊ ကျွမ်းကျင်မှု၊ အရှင့်အမိန့်တော်များကို နာခံလိုက်နာမှု စသည်ဖြင့်) ဩဇာတိက္ကမကြီးမားသူလည်းဖြစ်သော (တမန်တော်) ဒါဝူးဒ် (၏ စံနမူနာယူဖွယ်ရာ အကြောင်းအရာများ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလော့။ ဧကန်ပင်၊ သူသည် (ကျိုးနွံစွာဖြင့် ဝန်ချတောင်းပန်လျက် အရှင်မြတ်ဘက်သို့ ထပ်တလဲလဲ) ပြန်လှည့်သူပင် ဖြစ်ခဲ့၏။

❮ Previous Next ❯

ترجمة: اصبر على ما يقولون واذكر عبدنا داود ذا الأيد إنه أواب, باللغة البورمية

﴿اصبر على ما يقولون واذكر عبدنا داود ذا الأيد إنه أواب﴾ [صٓ: 17]

Ba Sein
၁၇။ အို-တမန်တော်၊ ဤသူမိုက်တို့၏ စကားကို သည်းခံ၍ ဘုန်အာနုဘော်နှင့် ပြည့်စုံသောငါ၏ ကျေးကျွန်တမန် တော်ဒါဝတ်(ဒ်)၏ ထုံးကို စဉ်းစားဆင်ခြင်လော့၊ မှတ်သားလော့၊ ထိုတမန်တော်သည် တရားသံဝေဂရ၍ ငါ့ အား ဝတ်အထူးပြု၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့၏ပြောဆိုချက်များအပေါ်၌ သည်းခံပါလေ။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ကျွန် စွမ်းအားသတ္တိရှင်ဖြစ်သူ (နဗီတမန်တော်)"ဒါဝူဒ်"(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ ဧကန်မလွဲ ထို "ဒါဝူဒ်" သည် (ငါအရှင်မြတ်ဘက်သို့)လွန်စွာ ပြန်လှည့်သူဖြစ်ခဲ့၏။
Hashim Tin Myint
အသင်(တမန်‌တော်)သည် သူတို့၏‌ပြောဆိုချက်များအ‌ပေါ်တွင် သည်းခံပါ။ ထု့ိပြင် အသင်သည် ငါအရှင်မြတ်၏ကျွန်ဖြစ်ပြီး အင်အားရှင်ဖြစ်‌သော (တမန်‌တော်)ဒါဝူဒ်(၏အ‌ကြောင်း)ကို သတိရပါ။ အမှန်စင်စစ် ၎င်းသည် (အရှင်မြတ်ဘက်သို့) အလွန်လှည့်သူဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek