Quran with Burmese translation - Surah sad ayat 35 - صٓ - Page - Juz 23
﴿قَالَ رَبِّ ٱغۡفِرۡ لِي وَهَبۡ لِي مُلۡكٗا لَّا يَنۢبَغِي لِأَحَدٖ مِّنۢ بَعۡدِيٓۖ إِنَّكَ أَنتَ ٱلۡوَهَّابُ ﴾
[صٓ: 35]
﴿قال رب اغفر لي وهب لي ملكا لا ينبغي لأحد من بعدي﴾ [صٓ: 35]
Ba Sein ၃၅။ တမန်တော်စိုလိုင်မာန်သည် ငါ့အထံတော်၌ ပန်ထွာဆုတောင်းသည်မှာ အို-အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ အကျွနု်ပ်မရှိသည့်နောက် မည်သူတစ်စုံတစ်ယောက်နှင့်မျှ မထိုက်တန်သော အချုပ်အခြာအာဏာကို အကျွနု်ပ်အား ပေးသနားတော်မူပါ၊ အရှင်သည် ပေးကမ်းစွန့်ကြဲတော်မူထသောအရှင် အမှန်အကန်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး မည်သူတစ်စုံတစ်ယောက်မျှပင် မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်တော်မျိုးအား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် လွန်စွာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်ပင် ဖြစ်တော်မူပါသည်။ |
Hashim Tin Myint ၎င်းကလျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်မှလွဲ၍ ကျွန်ုပ်၏နောက်တွင် မည်သူမျှ မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်ုပ်ကို ပေးသနားတော်မူပါ၊ အမှန်စင်စစ် အရှင်မြတ်သည်သာ အလွန် ရက်ရောစွာ ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ |