×

ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ ထို (ကုရ်အာန်) ကျမ်းတော်မြတ်ကို အမှန် တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူခဲ့ပြီးဖြစ်ရာ၊ မည်သူမဆို 39:41 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:41) ayat 41 in Burmese

39:41 Surah Az-Zumar ayat 41 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 41 - الزُّمَر - Page - Juz 24

﴿إِنَّآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ لِلنَّاسِ بِٱلۡحَقِّۖ فَمَنِ ٱهۡتَدَىٰ فَلِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۖ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٍ ﴾
[الزُّمَر: 41]

ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ ထို (ကုရ်အာန်) ကျမ်းတော်မြတ်ကို အမှန် တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူခဲ့ပြီးဖြစ်ရာ၊ မည်သူမဆို လမ်းညွှန်တော်ကို (ဘဝတည်ဆောက်ရေးလမ်းစဉ်အဖြစ် ရွေးချယ်လျက်) လိုက်နာလျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ၏အကျိုးအတွက် လမ်းညွှန်တော်ကို လိုက်နာခြင်း ဖြစ်၏။ ထို့ပြင် မည်သူမဆို (မိစ္ဆာဒိဌိကို ဘဝတည်ဆောက်ရေး လမ်းစဉ်အဖြစ် ရွေးချယ်လျက်) လမ်းမှားကို လိုက်နာလျှင် ယင်း (နဖ်စ်) အပေါ်၌သာ တာဝန်ရှိ၏။ ကျွန်ုပ်သည် (သင်တို့၏တာဝန်ဝတ္တရားများအတွက် တာဝန်ယူရန်) သင်တို့အပေါ်တွင် အုပ်ထိန်းစောင့်ကြပ်သူ (အဖြစ် ခန့်အပ် ခြင်းခံရသူ) မဟုတ်ချေ။

❮ Previous Next ❯

ترجمة: إنا أنـزلنا عليك الكتاب للناس بالحق فمن اهتدى فلنفسه ومن ضل فإنما, باللغة البورمية

﴿إنا أنـزلنا عليك الكتاب للناس بالحق فمن اهتدى فلنفسه ومن ضل فإنما﴾ [الزُّمَر: 41]

Ba Sein
၄၁။ အို-မုဟမ္မဒ်၊ အကယ်စစ်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမူး်တော်မြတ်ကို လူသားအပေါင်းတို့အဖို့အရာ သင့်အား အမှန်အကန်ထုတ်ပြပို့ချပေးသနားတော်မူ၏၊ ထို့နောက်အကြင်သူသည် လမ်းမှန်ကို လျှောက်လိုက်၏၊ ထိုလျှောက်လိုက်ခြင်းသည် သူ၏ အကျိုးငှာဖြစ်၏၊ ထို့အပြင် အကြင်သူသည် လမ်းမှန်ကို သွေဖယ်သွားအ့ံ၊ ထိုသူသည် မိမိနစ်နာဆုံးရှုံးဖို့ရာ သွေဖယ်သွား၏၊ သင်သည် ထိုသူတို့ကို စောင့်ထိန်းရသူမဟုတ်ချေ။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကို လူတို့အကျိုးငှာ တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရယူခဲ့လျှင် (ယင်းတရားလမ်းမှန် ရရှိခြင်း၏အကျိုးမှာ) ၎င်း၏အဖို့ဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို လမ်းလွဲခဲ့မူ၊ (ယင်းလမ်းလွဲမှု၏ ဆုံးရှုံးမှုမှာလည်း)ထိုသူ၏အပေါ်၌သာလျှင် ကျရောက်ပေမည်။ စင်စစ်သော်ကား အသင်သည် ၎င်းတို့အပေါ်၌ တာဝန်ရှိသူအဖြစ် (စေလွှတ်ခြင်းခံခဲ့ရသည်) မဟုတ်ပေ။
Hashim Tin Myint
စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)၏အ‌ပေါ် ကျမ်း‌တော်မြတ်ကို လူများအတွက် တိကျမှန်ကန်စွာ ချ‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန်ကို ရယူခဲ့လျှင် သူ၏အတွက်ပင်(အကျိုးရှိမည်)ဖြစ်သည်။ ထို့ပြင် မည်သူမဆို လမ်းလွဲခဲ့လျှင် သူ၏အ‌ပေါ်၌ပင် (ဆုံးရှုံးမှု)ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် တာဝန်ခံအဖြစ် (‌စေလွှတ်ခံရသည်)မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek