Quran with Burmese translation - Surah Az-Zumar ayat 42 - الزُّمَر - Page - Juz 24
﴿ٱللَّهُ يَتَوَفَّى ٱلۡأَنفُسَ حِينَ مَوۡتِهَا وَٱلَّتِي لَمۡ تَمُتۡ فِي مَنَامِهَاۖ فَيُمۡسِكُ ٱلَّتِي قَضَىٰ عَلَيۡهَا ٱلۡمَوۡتَ وَيُرۡسِلُ ٱلۡأُخۡرَىٰٓ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ ﴾
[الزُّمَر: 42]
﴿الله يتوفى الأنفس حين موتها والتي لم تمت في منامها فيمسك التي﴾ [الزُّمَر: 42]
| Ba Sein ၄၂။ အလ္လာဟ်အရှင်မြတ်သည် ကွယ်လွန်သေဆုံးသောလူတို့၏ ဝိညာဉ်မျာကိုသော်လည်းကောင်း၊ အိပ်ပျော်နေသော လူတို့၏ ဝိညာဉ်များကိုသော်လည်းကောင်း၊ နှုတ်သိမ်းတော်မူ၏၊ သေစေတော်မူသောသူ၏ ဝိညာဉ်ကို သိမ်းယူ ထားတော်မူ၏၊ ကျန်သောဝိညာဉ်များကို ချိန်းမှတ်တော်မူသောအချိန်ကာလရောက်သည့်တိုင်အောင် ပြန်လွှတ် တော်မူ၏၊ မှတ်သားကြလော့၊ ဤအဖြစ်အပျက်တွင် စဉ်းစားဆင်ခြင်တတ်သူတို့အဖို့အရာ နိမိတ်လက္ခဏာ အ့ံဖွယ်တော်တို့ ပါရှိ၏။ |
| Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည်ပင် အသက်ဝိညာဉ်များကို သူတို့ သေဆုံးချိန်တွင် နှုတ်သိမ်းတော်မူသည်။ ထို့ပြင် သေဆုံးချိန်မရောက်သေးသော အသက်ဝိညာဉ်များကိုလည်း သူတို့ အိပ်စက်သည့်အခါတွင် (နှုတ်သိမ်းထားတော်မူသည်)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော်မူသောအသက်ဝိညာဉ်များအား အရှင်မြတ်က တားဆီးထားလိုက်တော်မူသည်။ ထို့ပြင် ကျန်အသက်ဝိညာဉ်များကိုမူ သတ်မှတ်ချိန်ရောက်သည်ထိ လွှတ်ထားတော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် သက်သေလက္ခဏာများ အမှန်ပင်ရှိသည်။ |