×

(အရှင်မြတ်က အသင်ဆင်ခြေပေးပြောဆိုသော်လည်း) အမှန်တရားက ထိုသို့အလျှင်း မဟုတ်ပေ။ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် အသင့်ထံသို့ ရောက်ခဲ့ပြီးဖြစ်သော်လည်း သင်က ယင်းနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် 39:59 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:59) ayat 59 in Burmese

39:59 Surah Az-Zumar ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 59 - الزُّمَر - Page - Juz 24

﴿بَلَىٰ قَدۡ جَآءَتۡكَ ءَايَٰتِي فَكَذَّبۡتَ بِهَا وَٱسۡتَكۡبَرۡتَ وَكُنتَ مِنَ ٱلۡكَٰفِرِينَ ﴾
[الزُّمَر: 59]

(အရှင်မြတ်က အသင်ဆင်ခြေပေးပြောဆိုသော်လည်း) အမှန်တရားက ထိုသို့အလျှင်း မဟုတ်ပေ။ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များသည် အသင့်ထံသို့ ရောက်ခဲ့ပြီးဖြစ်သော်လည်း သင်က ယင်းနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲလျက် ငြင်းပယ်ခဲ့ရုံသာမက မာန်မာနထောင်လွှားခြင်းကိုပါ ကျူးလွန်ခဲ့ခြင်းဖြင့် အသင်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေ ဖည်ငြင်း ဆန်သူ) သူတို့တွင် အပါအဝင် ဖြစ်ခဲ့လေ၏။

❮ Previous Next ❯

ترجمة: بلى قد جاءتك آياتي فكذبت بها واستكبرت وكنت من الكافرين, باللغة البورمية

﴿بلى قد جاءتك آياتي فكذبت بها واستكبرت وكنت من الكافرين﴾ [الزُّمَر: 59]

Ba Sein
၅၉။ ထိုအခါ ထိုသူမိုက်တို့အား ဗျာဒိတ်ပေးတော်မူမည်မှာ ဟယ်-မိစ္ဆာယုတ်တို့၊ နင်တို့အား တစ်စုံတစ်ရာချမ်းသာခွင့် ပေးတော်မူမည်မဟုတ်၊ အကြောင်းမူကား ငါ၏ပညတ်တော်များသည် နင်တို့ထံသို့ ကျရောက်၏၊ သို့သော် နင်တို့သည် ပညတ်တော်များကို မယုံမကြည်ငြင်းဆန်၏၊ စက်ဆုတ်ရွံရှာဖွယ်မလေးမခန့်ပြုကြ၏၊ နင်တို့သည် မယုံကြည်သူတို့ဘောင်တွင် ပါဝင်ကြ၏။
Ghazi Mohammad Hashim
အဘယ်ကြောင့်မဟုတ်သနည်း။ ငါအရှင်မြတ်၏ အမိန့်-အာယတ်တော်များသည် အသင့်ထံသို့ ဧကန်မလွဲ ရောက်ရှိလာခဲ့ပေသည်။ သို့ရာတွင် အသင်သည် ယင်းအမိန့်အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ပေသည်။ ထို့ပြင် အသင်သည် မာန်မာန ထောင်လွှားခဲ့ပေသည်။ထိုမှတစ်ပါး အသင်သည် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့တွင် အပါအဝင် ဖြစ်ခဲ့ပေသတည်း။
Hashim Tin Myint
အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း။ အမှန်ပင် ငါအရှင်မြတ်၏အာယသ်‌တော်များသည် အသင်၏ထံသို့ အမှန်စင်စစ် ‌ရောက်လာခဲ့သည်။ ထို့‌နောက် အသင်သည် ထိုအာယသ်‌တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည်။ ထို့ပြင် အသင်သည် ကာဖိရ်ငြင်းပယ်သူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek