×

သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ ''အကယ်၍ ကျွန်ုပ်အတွက် (ကမ္ဘာလောကသို့ ပြန်သွားရန်) နောက်တစ်ကြိမ် အခွင့်အရေးရလျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် 39:58 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:58) ayat 58 in Burmese

39:58 Surah Az-Zumar ayat 58 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 58 - الزُّمَر - Page - Juz 24

﴿أَوۡ تَقُولَ حِينَ تَرَى ٱلۡعَذَابَ لَوۡ أَنَّ لِي كَرَّةٗ فَأَكُونَ مِنَ ٱلۡمُحۡسِنِينَ ﴾
[الزُّمَر: 58]

သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ ''အကယ်၍ ကျွန်ုပ်အတွက် (ကမ္ဘာလောကသို့ ပြန်သွားရန်) နောက်တစ်ကြိမ် အခွင့်အရေးရလျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ကျွန်ုပ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) သူတော်ကောင်းတို့တွင် အ ပါအဝင်ဖြစ်နိုင်မည်။'' ဟု ပြောဆိုခွင့်မရှိရန်ဖြစ်၏။

❮ Previous Next ❯

ترجمة: أو تقول حين ترى العذاب لو أن لي كرة فأكون من المحسنين, باللغة البورمية

﴿أو تقول حين ترى العذاب لو أن لي كرة فأكون من المحسنين﴾ [الزُّمَر: 58]

Ba Sein
၅၈။ သို့မဟုတ် အပြစ်ဒဏ်တော်ကို မျက်ဝါးထင်ထင်မြင်ရသောအခါ အကယ်၍ ငါသည် ဒုတိယအကြိမ်အခွင့်ရရှိ ပါလျှင် ငါသည် တရားစောင့်သောသူတော်ကောင်းတို့ဘောင်တွင် မုချဧကန်ပါမည်သာတည်းဟုလည်း မဆို ရအောင် ငါအရှင်မြတ်၏ ပညတ်တရားတော်ကို ယခုက တင်ကြို၍ မသွေမလှန်နာခံဆောင်ရွက်ကြလော့။
Ghazi Mohammad Hashim
သို့တည်းမဟုတ် (မည်သူမဆို) ပြစ်ဒဏ်ကို တွေ့မြင်လေသောအချိန်အခါ၌ "ဧကန်မလွဲ ငါသည် အကယ်၍သာ (ကမ္ဘာလောကသို့)တဖန်ပြန်၍ သွားနိုင်လျှင် ကောင်းလေစွ။ သို့ဖြစ်ခဲ့လျှင် ငါသည် သူတော်ကောင်းတို့အနက် အပါအဝင်ဖြစ်ပေမည်" ဟူ၍ မပြောဆိုနိုင်ရန်လည်းကောင်း၊ (ထုတ်ပြန်တော်မူခြင်းဖြစ်၏၊)
Hashim Tin Myint
သို့မဟုတ် ပြစ်ဒဏ်ကို ‌တွေ့မြင်သည့်အခါတွင် “အမှန်စင်စစ် ငါသည် အကယ်၍သာ (‌လောကကို)ပြန်သွားနိုင်လျှင် အဘယ်မျှ ‌ကောင်းမည်နည်း။ ထိုသို့ဆိုလျှင် ငါသည် ‌ကောင်းမြတ်သည့်သူများထဲမှ အပါအဝင်ဖြစ်ခဲ့မည်“ဟု မ‌ပြောဆိုနိုင်ရန် (ထုတ်ပြန်‌တော်မူခဲ့ခြင်းဖြစ်သည်။)
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek