×

ထို့ပြင် မြေကမ္ဘာသည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးထိန်းသိမ်းစေတော်မူသောအရှင်မြတ်၏ရောင်ခြည်တော်ဖြင့် လင်းထိန်စေတော်မူမည်။ ထို့ပြင် (ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစ၊ လွတ်လပ်သောဆန္ဒများဖြင့် ပြည့်စုံစေတော်မူလျက် တာဝန်ပေးခဲ့သည့် 39:69 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:69) ayat 69 in Burmese

39:69 Surah Az-Zumar ayat 69 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 69 - الزُّمَر - Page - Juz 24

﴿وَأَشۡرَقَتِ ٱلۡأَرۡضُ بِنُورِ رَبِّهَا وَوُضِعَ ٱلۡكِتَٰبُ وَجِاْيٓءَ بِٱلنَّبِيِّـۧنَ وَٱلشُّهَدَآءِ وَقُضِيَ بَيۡنَهُم بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ ﴾
[الزُّمَر: 69]

ထို့ပြင် မြေကမ္ဘာသည် ယင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးထိန်းသိမ်းစေတော်မူသောအရှင်မြတ်၏ရောင်ခြည်တော်ဖြင့် လင်းထိန်စေတော်မူမည်။ ထို့ပြင် (ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစ၊ လွတ်လပ်သောဆန္ဒများဖြင့် ပြည့်စုံစေတော်မူလျက် တာဝန်ပေးခဲ့သည့် လုပ်ရပ်များဆိုင်ရာ) မှတ်တမ်းတော် (စာအုပ်) များသည်လည်း (အဆင်သင့်) ထားရှိစေတော်မူပြီး နဗီတမန်တော်များနှင့်သက် သေသက်ကန်များကို ဆင့်ခေါ် ရောက်ရှိစေတော်မူမည်။ ထို့နောက် သူတို့အကြားတွင် (ကွဲလွဲကြလေ့ရှိသည်တို့နှင့်စပ်လျဉ်း၍) အမှန်တရားသစ္စာဖြင့် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်စေတော်မူမည် ဖြစ်၏။ သို့ရာတွင် သူတို့သည် (အနည်းငယ်စိုးစဉ်းမျှပင်) မတရားအရေးယူခြင်းခံကြရမည်မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وأشرقت الأرض بنور ربها ووضع الكتاب وجيء بالنبيين والشهداء وقضي بينهم بالحق, باللغة البورمية

﴿وأشرقت الأرض بنور ربها ووضع الكتاب وجيء بالنبيين والشهداء وقضي بينهم بالحق﴾ [الزُّمَر: 69]

Ba Sein
၆၉။ ထိုအခါ ကမ္ဘာမြေပြင်တဝှမ်းလုံးသည် မိမိ၏အရှင်သခင်၏ ရောင်ခြည်တော်အားဖြင့် ထွန်းလင်းတောက်ပရ၏၊ ပြုကျင့်မှုစာရင်းစာအုပ်ကြီးကိုလည်း ဖွင့်ထား၏၊ တမန်တော်များနှင့် သက်သေတော်များလည်း ရောက်လာကြ၏၊ သူတို့အလယ်ကြားတွင် တရားသဖြင့် မှန်ကန်စွာစစ်ကြောစီရင်တော်မူ၏၊ သူတို့ကို မတရားစီရင်တော်မမူချေ။
Ghazi Mohammad Hashim
၎င်းပြင် ပထဝီမြေမှာ ၎င်းကို ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရောင်ခြည်တော်ကြောင့် လင်းထိန်၍သွားပေမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များသည်လည်း(အဆင်သင့်)ထားရှိပြီး ဖြစ်ကြပေမည်။ ထိုမှတစ်ပါး နဗီတမန်တော်တို့သည်လည်းကောင်း၊ "ရှဟီးဒ်"(အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ကျဆုံးခဲ့ကြရသောသူ)တို့သည်လည်းကောင်း၊ (ရှေ့တော်မှောက်သို့) ရောက်လာကြရပေမည်။ ထို့ပြင် ၎င်းတို့၏ အကြားဝယ် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ၎င်းတို့မှာ (အနည်းငယ်စိုးစဉ်းမျှပင်) မတရားပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် ‌မြေပထဝီသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ နူရ်‌ရောက်ခြည်နှင့် လင်းထိန်သွားမည်။ ထို့ပြင် မှတ်တမ်းစာအုပ်များလည်း (အဆင်သင့်)ထားရှိပြီးဖြစ်မည်။ ထို့ပြင် တမန်‌တော်များနှင့် သက်‌သေများလည်း ‌ရောက်လာကြမည်။ ထို့ပြင် သူတို့အကြားတွင် သူတို့သည် (အနည်းငယ်မျှပင်) မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်ပြီးဖြစ်လိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek