Quran with Burmese translation - Surah Az-Zumar ayat 68 - الزُّمَر - Page - Juz 24
﴿وَنُفِخَ فِي ٱلصُّورِ فَصَعِقَ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ إِلَّا مَن شَآءَ ٱللَّهُۖ ثُمَّ نُفِخَ فِيهِ أُخۡرَىٰ فَإِذَا هُمۡ قِيَامٞ يَنظُرُونَ ﴾
[الزُّمَر: 68]
﴿ونفخ في الصور فصعق من في السموات ومن في الأرض إلا من﴾ [الزُّمَر: 68]
Ba Sein ၆၈။ တံပိုးကို မှုတ်လိုက်သည်ရှိသော် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသူတို့မှတပါး မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင် ဝယ် ရှိရှိသမျှသောသတ္တဝါအပေါင်းတို့သည် မူးမိုက်တွေဝေလျက် အကုန်အစင်သေကျေပျက်စီးကြရ၏၊ ထို့နောက် ထပ်မံ၍ ဒုတိယတစ်ကြိမ်မှုတ်လိုက်ပြန်သော် မှုတ်လိုက်သည်နှင့် တပြိုင်နက်သူသေအပေါင်းတို့သည် မတ်တပ် ရပ်၍ စောင့်နေကြသည်ကို ရှုကြလော့။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး တံပိုးခရာမှုတ်သောအခါ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ သတိမေ့၍ သွားကြပေမည်။ ထို့နောက် တဖန် ယင်းတံပိုးကိုမှုတ်ခဲ့ပြန်သော် ၎င်းတို့မှာ ရုတ်တရက် မတ်တပ်ရပ်လျက် ကြည့်နေကြပေမည်။ |
Hashim Tin Myint ထို့ပြင် စွူရ် တံပိုးခရာမှုတ်ခြင်းခံရသည့်အခါ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူသောသူမှလွဲ၍* မိုးကောင်းကင်များတွင် ရှိသမျှသူများနှင့် မြေပထဝီတွင် ရှိသမျှသူများသည် သတိမေ့သွားကြမည်။ ထို့နောက်တစ်ဖန် ဒုတိယအကြိမ် ထိုစွူရ်တံပိုးမှုတ်ခြင်းခံရပြန်သည့်အခါ သူတို့သည် ရုတ်တရက် မတ်တတ်ရပ်လျက် ကြည့်နေကြမည်ဖြစ်သည်။ |