﴿۞ وَمَن يُهَاجِرۡ فِي سَبِيلِ ٱللَّهِ يَجِدۡ فِي ٱلۡأَرۡضِ مُرَٰغَمٗا كَثِيرٗا وَسَعَةٗۚ وَمَن يَخۡرُجۡ مِنۢ بَيۡتِهِۦ مُهَاجِرًا إِلَى ٱللَّهِ وَرَسُولِهِۦ ثُمَّ يُدۡرِكۡهُ ٱلۡمَوۡتُ فَقَدۡ وَقَعَ أَجۡرُهُۥ عَلَى ٱللَّهِۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا ﴾
[النِّسَاء: 100]
(ထို့ပြင် ဖိနှိပ်ချုပ်ချယ်မှုကို တော်လှန်နိုင်စွမ်းမရှိဘဲ) နယ်ရင်းစွန့်ရွေ့ပြောင်းနေထိုင်သူ (မည်သူမဆို) သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လှုပ်ရှားသူဖြစ်လျှင် ကမ္ဘာဂြိုဟ်ပေါ်၌ (လွတ်လပ်မှုဆိုင်ရာ အခွင့်အရေးအတွက်) ကျယ်ဝန်းနက်ရှိုင်းသည့် ခိုလှုံရာစခန်းပေါင်း မြောက်မြားစွာကို တွေ့နိုင်၏။ သို့ဖြစ်ရာ မည်သူမဆို (အရှင့် လမ်းစဉ်တော်အတိုင်းဘဝ တည်ဆောက်နိုင်ရန်အလို့ငှာ အဖိခံဘဝ၌ မနေဘဲ) သူ့နယ်ရင်းအိုးအိမ်စွန့်လျှက် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်မြတ်လမ်းညွှန်သည့်ဘက်သို့ ဦးတည် (ခြင်းဖြင့် ရွှေ့ ပြောင်းနေထိုင်သူတစ်ဦးဖြစ်) ပြီးနောက် (ရွှေ့ပြောင်းနေထိုင်သည့်ဘဝ၌ပင်) သေခြင်းတရားသည် သူ့ထံရောက်ခဲ့သော် သူ့အကျိုးဆုလဒ်ကို သူအပြည့်အဝရစေရန် အရှင်မြတ်က အလ္လာဟ်အရှင်မြတ်အပေါ်၌ အတည်ပြုတော်မူခဲ့ပြီ။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူသည့်အလျှောက် အားလုံးအပေါ်လည်း အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။
ترجمة: ومن يهاجر في سبيل الله يجد في الأرض مراغما كثيرا وسعة ومن, باللغة البورمية
﴿ومن يهاجر في سبيل الله يجد في الأرض مراغما كثيرا وسعة ومن﴾ [النِّسَاء: 100]