Quran with Burmese translation - Surah An-Nisa’ ayat 99 - النِّسَاء - Page - Juz 5
﴿فَأُوْلَٰٓئِكَ عَسَى ٱللَّهُ أَن يَعۡفُوَ عَنۡهُمۡۚ وَكَانَ ٱللَّهُ عَفُوًّا غَفُورٗا ﴾
[النِّسَاء: 99]
﴿فأولئك عسى الله أن يعفو عنهم وكان الله عفوا غفورا﴾ [النِّسَاء: 99]
Ba Sein ၉၉။ ဤသူတို့အား အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်ကောင်းလွှတ်တော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် အမြဲတစေ ထောက်ထားညှာတာတော်မူ၏။ အပြစ်လွှတ်တော်မူ၏။ |
Ghazi Mohammad Hashim ယင်းသို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား မကြာမြင့်မီ ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများကို မကြာမီ ခွင့်လွှတ်တော်မူလိမ့်မည်ဟု မုချမျှော်လင့်ရပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ |