Quran with Burmese translation - Surah An-Nisa’ ayat 101 - النِّسَاء - Page - Juz 5
﴿وَإِذَا ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَقۡصُرُواْ مِنَ ٱلصَّلَوٰةِ إِنۡ خِفۡتُمۡ أَن يَفۡتِنَكُمُ ٱلَّذِينَ كَفَرُوٓاْۚ إِنَّ ٱلۡكَٰفِرِينَ كَانُواْ لَكُمۡ عَدُوّٗا مُّبِينٗا ﴾
[النِّسَاء: 101]
﴿وإذا ضربتم في الأرض فليس عليكم جناح أن تقصروا من الصلاة إن﴾ [النِّسَاء: 101]
Ba Sein ၁ဝ၁။ သင်တို့သည် ခရီးသွားလာသောအခါ ခရီးလမ်းတွင် မိစ္ဆဒိဌိတို့ တိုက်ခိုက်မည်ကို စိုးရိမ်ကြောင့်ကြ သောကြောင့် ဆွလာသ်ဝတ်ကိုလျှော့၍ပြု၏။ ယင်းကဲ့သို့ ချုံးခြင်းကြောင့် သင်တို့၌ အပြစ်မသင့် ပေ။ အမှန်မှာ မိစ္ဆာမိုက်တို့သည် သင်တို့၏ ပွင့်လင်းသောရန်သူဖြစ်၏။ |
Ghazi Mohammad Hashim ၎င်းပြင် အကြင်အခါဝယ်၊ အသင်တို့သည် ကမ္ဘာမြေပြင်ဝယ် ခရီးထွက်ခဲ့ကြကုန်၏။ ထိုအခါဝယ် အသင်တို့သည် အကယ်၍ မိမိတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က ဒုက္ခပေးကြမည်ကို စိုးရိမ်ကြသည်ရှိသော်၊ အသင်တို့၌ ‘ဆွလာသ်’ ဝတ်ပြုမှုကို လျော့၍ပြုခြင်းအားဖြင့် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ ဧကန်စင်စစ် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကား အသင်တို့၏ ထင်ရှားစွာသောရန်သူများပင် ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ကမာ္ဘမြေတွင်ခရီးထွက်ခဲ့ကြသောအခါ အသင်တို့သည် အသင်တို့ကို ကာဖိရ်ငြင်းပယ်သူများက ဒုက္ခပေးကြမည်ကို စိုးရိမ်ကြရလျှင်၊ အသင်တို့တွင် စွလာသ်ဝတ်ပြုခြင်းကို လျှော့ပြုသည့်အတွက်* အပြစ်မရှိပေ။ အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများသည် အသင်တို့၏ထင်ရှားသောရန်သူများဖြစ်ကြသည်။ |