Quran with Burmese translation - Surah An-Nisa’ ayat 104 - النِّسَاء - Page - Juz 5
﴿وَلَا تَهِنُواْ فِي ٱبۡتِغَآءِ ٱلۡقَوۡمِۖ إِن تَكُونُواْ تَأۡلَمُونَ فَإِنَّهُمۡ يَأۡلَمُونَ كَمَا تَأۡلَمُونَۖ وَتَرۡجُونَ مِنَ ٱللَّهِ مَا لَا يَرۡجُونَۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ﴾
[النِّسَاء: 104]
﴿ولا تهنوا في ابتغاء القوم إن تكونوا تألمون فإنهم يألمون كما تألمون﴾ [النِّسَاء: 104]
Ba Sein ၁ဝ၄။ ရန်သူမာျးကို လိုက်လံတိုက်ခိုက်ရာ၌ လုံ့လဝိရိယမလျှော့ကြလင့်။ အကယ်၍ သင်တို့သည် ဒုက္ခ ဆင်းရဲခံရလျှင် သူတို့လည်းအလားတူ ဒုက္ခဆင်းရဲခံရသည်ကို မှတ်သားကြလော့။ သို့သော် သူတို့ မမျှော်ကိုးနိုင်သည်ကို အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်မှ မျှော်လင့်နိုင်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် အမြဲသိတော်မူသောအသျှင်၊ ပညာဉာဏ်ရှိတော်ူသောအသျှင်တည်း။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်တို့သည် ရန်သူတို့အား လိုက်လံ (တိုက်ခိုက်) ရာ၌ စိတ်အားမလျှော့ကြကုန်လင့်။ အကယ်၍ အသင်တို့ ဒုက္ခခံစားကြရပါလျှင် ထိုသူတို့သည်လည်း အသင်တို့ကဲ့သို့ပင် ဒုက္ခခံစားကြရကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသူတို့မမျှော်လင့်သောအရာများကို မျှော်လင့်ကြကုန်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။ (ရကူ) |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ရန်သူများအား (တိုက်ခိုက်ရန်)လိုက်လံရှာဖွေရာတွင် စိတ်အားမလျှော့ကြနှင့်။ အကယ်၍ အသင်တို့သည် ဒုက္ခခံစားကြရလျှင် သူတို့လည်း အသင်တို့ကဲ့သို့ ဒုက္ခခံစားကြရသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့မမျှော်လင့်သောအရာများကို မျှော်လင့်ကြရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |