Quran with Burmese translation - Surah An-Nisa’ ayat 103 - النِّسَاء - Page - Juz 5
﴿فَإِذَا قَضَيۡتُمُ ٱلصَّلَوٰةَ فَٱذۡكُرُواْ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِكُمۡۚ فَإِذَا ٱطۡمَأۡنَنتُمۡ فَأَقِيمُواْ ٱلصَّلَوٰةَۚ إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبٗا مَّوۡقُوتٗا ﴾
[النِّسَاء: 103]
﴿فإذا قضيتم الصلاة فاذكروا الله قياما وقعودا وعلى جنوبكم فإذا اطمأننتم فأقيموا﴾ [النِّسَاء: 103]
Ba Sein ၁ဝ၃။ သင်တို့သည် ဆွလာသ်ဝတ်ကို ပြုပြီးသောအခါ အလ္လာဟ်အသျှင်မြတ်ကို ထ၍သော်လည်းကောင်း၊ ထိုင်၍သော်လည်းကောင်း၊ လျောင်း၍သော်လည်းကောင်း အာရုံပြုကြလော့။ ထို့ပြင် သင်တို့သည် ဘေးရန်ကင်းမဲ့၊ လုံခြံုသောအခါ ဆွလာသ်ဝတ်ကို ကျင့်စဉ်တရားအတိုင်း ပြည့်စုံစွာပြုကြလော့။ သတ်မှတ်ထားသော အချိန်နာရီများတွင် ဆွလာသ်ဝတ်ပြုရန် ယုံကြည်သူတို့အား ပညတ်တော်မူ၏။ |
Ghazi Mohammad Hashim တစ်ဖန် အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ‘ဆွလာသ်’ ဝတ်ပြုမှုသည် ‘မုအ်မင်န်’ တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တပ်ရပ်လျက်၊ ထိုင်လျက်၊ လဲလျောင်းလျက်နှင့် သတိရ တသကြပါ။* ထို့နောက် အသင်တို့သည် ဘေးရန်ကင်းငြိမ်းပြီး စိတ်ချရသောအခါ (ပုံမှန်အတိုင်း) စွလာသ်ကိုဆောက်တည်ကြပါ။ အမှန်စင်စစ် စွလာသ်ဝတ်ပြုမှုသည် အီမာန်ယုံကြည်သူများအပေါ်တွင် အချိန်ကာလပိုင်းခြားပြီး အတည်သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဿွ်တာဝန်တစ်ရပ်ဖြစ်သည်။ |