Quran with Burmese translation - Surah An-Nisa’ ayat 12 - النِّسَاء - Page - Juz 4
﴿۞ وَلَكُمۡ نِصۡفُ مَا تَرَكَ أَزۡوَٰجُكُمۡ إِن لَّمۡ يَكُن لَّهُنَّ وَلَدٞۚ فَإِن كَانَ لَهُنَّ وَلَدٞ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكۡنَۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصِينَ بِهَآ أَوۡ دَيۡنٖۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكۡتُمۡ إِن لَّمۡ يَكُن لَّكُمۡ وَلَدٞۚ فَإِن كَانَ لَكُمۡ وَلَدٞ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكۡتُمۚ مِّنۢ بَعۡدِ وَصِيَّةٖ تُوصُونَ بِهَآ أَوۡ دَيۡنٖۗ وَإِن كَانَ رَجُلٞ يُورَثُ كَلَٰلَةً أَوِ ٱمۡرَأَةٞ وَلَهُۥٓ أَخٌ أَوۡ أُخۡتٞ فَلِكُلِّ وَٰحِدٖ مِّنۡهُمَا ٱلسُّدُسُۚ فَإِن كَانُوٓاْ أَكۡثَرَ مِن ذَٰلِكَ فَهُمۡ شُرَكَآءُ فِي ٱلثُّلُثِۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصَىٰ بِهَآ أَوۡ دَيۡنٍ غَيۡرَ مُضَآرّٖۚ وَصِيَّةٗ مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَلِيمٞ ﴾
[النِّسَاء: 12]
﴿ولكم نصف ما ترك أزواجكم إن لم يكن لهن ولد فإن كان﴾ [النِّسَاء: 12]
| Ba Sein ၁၂။ သင်တို့ဇနီးမိန်းမများတွင် သားသမီးမကျန်ရစ်လျှင် သင်တို့သည် သူတို့၏ပစ္စည်းတစ်ဝက်ကို ပိုင်ဆိုင် ကြ၏။ သို့သော်သူတို့မှာ သားသမီးရှိလျှင် သင်တို့သည် လေးပုံတစ်ပုံသာဆိုင်၏။ ဤခွဲဝေခြင်းကို သေသူသေတမ်းစာနှင့်ပေးထားသောပစ္စည်းများနှင့် သေသူ၏ကြွေးများကိုပေးပြီးမှပြုရမည်။ သင်တို့မှာ သားသမီးမကျန်ရစ်လျှင် သင်တို့၏ဇနီးများသည် သင်တို့ထားခဲ့သောပစ္စည်းများမှ လေးပုံတစ်ပုံဆိုင်သည်။ သင်တို့မှာ သားသမီးကျန်ရစ်လျှင် သင်တို့၏ဇနီးများသည် သင်တို့၏ပစ္စည်း ရှစ်ပုံတစ်ပုံဆိုင်၏။ ထိုဝေမှုကို သင်တို့၏သေတမ်းသာနှင့်ပေးသော ပစ္စည်းနှင့် သင်တို့၏ကြွေးများကို ဆပ်ပြီးမှ ပြုရမည်။ ၎င်းပြင် သေသူယောကျ်ားမှာသော်လည်းကောင်း၊ မိန်းမမှာသော်လည်းကောင်း၊ မိဘလည်းမကျန်ရစ်၊ သားသမီးလည်းမကျရစ်ဘဲ ဆွေမျိုးနီးစပ်သူရှိ၏။ သေသူတွင် အမိဘက်မှ ညီအစ်ကိုနှင့် အမ၊ ညီမရှိသော် သူတို့နှစ်ဦးဖြစ်လျှင် တစ်ဦးခြောက်ပုံတစ်ပုံစီရထိုက်၏။ သူတို့ နှစ်ဦးထက်ပိုလျှင် သူတို့သည် ပစ္စည်းသုံးပုံတစ်ပုံ၌ ဝေစုရှိကြ၏။ ထိုဝေခြင်းကို သေတမ်းစာအားဖြင့် ပေးသောပစ္စည်းများနှင့် ကြွေးမြီများကိုပေးပြီး ကျန်သောပစ္စည်းအပေါ်မှာပြုရမည်။ သေတမ်းစာဖြင့် ပေးသောပစ္စည်းကြောင့် အမွေစားတို့မနစ်နာစေရ။ ထိုပစ္စည်းသည် အမွေပစ္စည်း၏ တန်ဖိုး၏ သုံးပုံတစ်ပုံထက်မပိုရချေ။ ဤပညတ်သည် အလ္လာဟ်အသျှင်မြတ်၏ ပညတ်တော်တစ်ပါးဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သိမြင်တော်မူသောအသျှင်၊ အလိုလိုက်တော်မူသောအသျှင် ဖြစ်တော်မူ၏။ |
| Hashim Tin Myint ထို့ပြင် အကယ်၍ အသင်တို့၏ဇနီးမိန်းမများတွင် သားသမီးတစ်ဦးမှ မရှိခဲ့လျှင် အသင်တို့၏ဇနီးမိန်းမများထားခဲ့သော(အမွေ)ပစ္စည်း၏တစ်ဝက်သည် အသင်တို့အတွက်ဖြစ်သည်။* ၎င်းပြင် အကယ်၍ အသင်တို့၏ဇနီးမိန်းမများတွင် သားသမီးတစ်စုံတစ်ဦးရှိခဲ့လျှင် ထိုဇနီးမိန်းမများထားခဲ့သော(အမွေ)ပစ္စည်းထဲမှ အသင်တို့အတွက် လေးပုံတစ်ပုံဖြစ်သည်။ (ဤသို့ အမွေခွဲခြင်းသည်) ထိုဇနီးမိန်းမများကမှာကြားခဲ့သော သေတမ်းစာအတိုင်း ဆောင်ရွက်ပြီးနောက် သို့မဟုတ် (ထိုဇနီးမိန်းမများ၏အပေါ်တွင်တင်ရှိသော) ကြွေးများဆပ်ပြီးမှသာ (ခွဲဝေကြရမည်ဖြစ်သည်)။(အကြွေးကို ဦးစွာမဖော်ပြထားသော်လည်း ဦးစွာဆပ်ပြီးမှသာ ဝစွီယသ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။) ထိုပြင် အသင်တို့တွင် သားသမီးတစ်ဦးမှ မရှိခဲ့လျှင် အသင်တို့ထားခဲ့သော(အမွေ)ပစ္စည်းများထဲမှ ဇနီးမိန်းမများအတွက် လေးပုံတစ်ပုံဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့တွင်သားသမီးတစ်စုံတစ်ဦးရှိခဲ့လျှင် ထိုဇနီးမိန်းမများအတွက် အသင်တို့ထားခဲ့သော(အမွေ)ပစ္စည်းများထဲမှ ရှစ်ပုံတစ်ပုံသာဖြစ်သည်။* (ဤသို့ အမွေခွဲခြင်းသည်) အသင်တို့ကမှာကြားခဲ့သော သေတမ်းစာအတိုင်း ဆောင်ရွက်ပြီးနောက် သို့မဟုတ် (အသင်တို့၏အပေါ်တွင်တင်ရှိသော) ကြွေးများဆပ်ပြီးမှသာ (ခွဲဝေကြရမည်ဖြစ်သည်)။ ထို့ပြင် အကယ်၍ အမွေထားခဲ့သော အကြင်ယောက်ျားတစ်ဦး သို့မဟုတ် အကြင်မိန်းမတစ်ဦးတွင် (မိဘနှင့် သားသမီးမရှိဘဲ) ထိုသူ သို့မဟုတ် သူမတွင် (မိတူဘကွဲ) အစ်ကိုသို့မဟုတ်ညီတစ်ဦး သို့မဟုတ် အစ်မသို့မဟုတ်ညီမတစ်ဦးရှိခဲ့လျှင် ထို(အစ်ကိုသို့မဟုတ်အစ်မ)နှစ်ဦးထဲမှ တစ်ဦးစီအတွက် ခြောက်ပုံတစ်ပုံဖြစ်သည်။* ၎င်းပြင် အကယ်၍ ထိုသူများသည် တစ်ဦးထက်ပိုခဲ့လျှင် သူတို့သည် သုံးပုံတစ်ပုံတွင် ညီတူညီမျှဝေစု ရရှိမည်ဖြစ်သည်။ (ထိုသို့ ခွဲဝေခြင်းသည်) မှာကြားထားသော သေတမ်းစာအတိုင်း ဆောင်ရွက်ပြီး၊ ကြွေးဆပ်ပြီးနောက်တွင် မည်သူ့ကိုမှ မနစ်နာစေဘဲ ပြုလုပ်ရမည်ဖြစ်သည်။ (ဤအရာများသည်) အလ္လာဟ်အရှင်မြတ်ထံတော်မှ အမိန့်တော်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင် ဖြစ်တော်မူသည်။ |