﴿۞ وَلَكُمۡ نِصۡفُ مَا تَرَكَ أَزۡوَٰجُكُمۡ إِن لَّمۡ يَكُن لَّهُنَّ وَلَدٞۚ فَإِن كَانَ لَهُنَّ وَلَدٞ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكۡنَۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصِينَ بِهَآ أَوۡ دَيۡنٖۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكۡتُمۡ إِن لَّمۡ يَكُن لَّكُمۡ وَلَدٞۚ فَإِن كَانَ لَكُمۡ وَلَدٞ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكۡتُمۚ مِّنۢ بَعۡدِ وَصِيَّةٖ تُوصُونَ بِهَآ أَوۡ دَيۡنٖۗ وَإِن كَانَ رَجُلٞ يُورَثُ كَلَٰلَةً أَوِ ٱمۡرَأَةٞ وَلَهُۥٓ أَخٌ أَوۡ أُخۡتٞ فَلِكُلِّ وَٰحِدٖ مِّنۡهُمَا ٱلسُّدُسُۚ فَإِن كَانُوٓاْ أَكۡثَرَ مِن ذَٰلِكَ فَهُمۡ شُرَكَآءُ فِي ٱلثُّلُثِۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصَىٰ بِهَآ أَوۡ دَيۡنٍ غَيۡرَ مُضَآرّٖۚ وَصِيَّةٗ مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَلِيمٞ ﴾
[النِّسَاء: 12]
သူမတို့၌ သားသမီးမရှိလျှင် သင်တို့၏ဘဝကြင်ဖော်များထားခဲ့သော အမွေဆိုင်ပစ္စည်းများအနက်မှ သူမတို့ ၏မှာကြားချက် သို့မဟုတ် သေတမ်းစာအရ လုပ်စရာများကို ဆောင်ရွက်ပြီးနောက် သို့မဟုတ် ပေးဆပ်စရာအကြွေးများကို ပေးဆပ်ပြီးနောက် ကျန်ရှိသောအမွေဆိုင်ပစ္စည်းများမှ သင်တို့အတွက် လေးပုံတစ်ပုံ၊ သင်တို့မှာ သားသမီးမရှိလျှင် သင်တို့ထားခဲ့သော အမွေဆိုင်ပစ္စည်းများအနက်မှ (သင်တို့၏ဘဝဖော်များဖြစ်ကြသော) သူမတို့အတွက် လေးပုံတစ်ပုံ၊ အကယ်၍ သင်တို့မှာ သားသမီးရှိလျှင် သင်တို့၏မှာကြားချက် သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်စရာများကို ဆောင်ရွက်ပြီးနောက် သို့မဟုတ် ပေးဆပ်စရာအကြွေးများကို ပေးချေပြီးနောက် သင်တို့ထားခဲ့သော အမွေဆိုင်ပစ္စည်းများအနက်မှ သူမတို့အတွက် ရှစ်ပုံတစ်ပုံ၊ အကယ်၍ အမျိုးသား တစ်ဦး သို့မဟုတ် အမျိုသမီးတစ်၌ အမွေဆက်ခံနိုင်သော (မိဘ၊ သားသမီးစသော) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှပင် မရှိဘဲ ညီအစ်ကိုမောင်နှမ နှစ်ယောက်သာရှိလျှင် သူတို့တစ်ဦးစီအတွက် ခြောက်ပုံတစ်ပုံစီ၊ အကယ်၍ ညီအစ်ကိုမောင်နှမ နှစ်ဦးထက်ပိုပါက မှာကြားချက် သို့မဟုတ် သေတမ်းစာအရဆောင်ရွက်စရာများကို ဆောင်ရွက်ပြီးနောက် သို့မဟုတ် ပေးဆပ်စရာ အကြွေးများကို ပေးချေပြီးနောက် မည်သူ့ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ဘဲ ကျန်ရှိသော အမွေဆိုင်ပစ္စည်းများ၏သုံးပုံကို သူတို့အားလုံး အညီအမျှ ခွဲဝေကြရန် အလ္လာဟ်အရှင် မြတ်ထံတော်မှ အရှင့်စည်းမျဉ်းတော်ဆိုင်ရာ အမိန့်ညွှန်ကြားချက်အဖြစ် ပြဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ ကောင်းကျိုးဆိုးကျိုးအလုံးစုံကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ လူသားတို့အား အခွင့်အလမ်းပေးရန်လမ်းညွှန်တော်မူပြီး အားလုံးအပေါ် စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။
ترجمة: ولكم نصف ما ترك أزواجكم إن لم يكن لهن ولد فإن كان, باللغة البورمية
﴿ولكم نصف ما ترك أزواجكم إن لم يكن لهن ولد فإن كان﴾ [النِّسَاء: 12]