×

အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အမွေခွဲဝေခြင်းကိစ္စနှင့်ပတ်သက်၍ အမိန့်ပေးညွှန်ကြားလျက် သွန်သင်တော်မူလိုသည်မှာ သင်တို့၏သားသမီးများတွင် သားယောကျာ်းလေးအတွက် သမီးမိန်းကလေးနှစ်ယောက်၏ဝေစုဝေပုံနှင့်ထပ်တူထပ်မျှလည်းကောင်း၊ (သားမရှိဘဲ) သမီးမိန်းကလေး နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့အတွက် 4:11 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:11) ayat 11 in Burmese

4:11 Surah An-Nisa’ ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 11 - النِّسَاء - Page - Juz 4

﴿يُوصِيكُمُ ٱللَّهُ فِيٓ أَوۡلَٰدِكُمۡۖ لِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۚ فَإِن كُنَّ نِسَآءٗ فَوۡقَ ٱثۡنَتَيۡنِ فَلَهُنَّ ثُلُثَا مَا تَرَكَۖ وَإِن كَانَتۡ وَٰحِدَةٗ فَلَهَا ٱلنِّصۡفُۚ وَلِأَبَوَيۡهِ لِكُلِّ وَٰحِدٖ مِّنۡهُمَا ٱلسُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُۥ وَلَدٞۚ فَإِن لَّمۡ يَكُن لَّهُۥ وَلَدٞ وَوَرِثَهُۥٓ أَبَوَاهُ فَلِأُمِّهِ ٱلثُّلُثُۚ فَإِن كَانَ لَهُۥٓ إِخۡوَةٞ فَلِأُمِّهِ ٱلسُّدُسُۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصِي بِهَآ أَوۡ دَيۡنٍۗ ءَابَآؤُكُمۡ وَأَبۡنَآؤُكُمۡ لَا تَدۡرُونَ أَيُّهُمۡ أَقۡرَبُ لَكُمۡ نَفۡعٗاۚ فَرِيضَةٗ مِّنَ ٱللَّهِۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا ﴾
[النِّسَاء: 11]

အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အမွေခွဲဝေခြင်းကိစ္စနှင့်ပတ်သက်၍ အမိန့်ပေးညွှန်ကြားလျက် သွန်သင်တော်မူလိုသည်မှာ သင်တို့၏သားသမီးများတွင် သားယောကျာ်းလေးအတွက် သမီးမိန်းကလေးနှစ်ယောက်၏ဝေစုဝေပုံနှင့်ထပ်တူထပ်မျှလည်းကောင်း၊ (သားမရှိဘဲ) သမီးမိန်းကလေး နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့အတွက် (အမွေဆိုင်အဖြစ်) ထားရှိခဲ့သော ပိုင်ဆိုင်မှုများ၏သုံးပုံနှစ်ပုံကိုလည်းကောင်း၊ သမီးမိန်းကလေးတစ်ဦးတည်းသာရှိလျှင် အမွေဆိုင်ပစ္စည်းများ၏ထက်ဝက်ကိုလည်းကောင်း၊ (အမွေထားခဲ့သူ) ၌ သားသမီးတစ်ဦးတည်းသာရှိလျှင် သူ့မိဘနှစ်ပါးအတွက် ခြောက်ပုံတပုံစီကိုလည်းကောင်း၊ အကယ်၍ ထို (အမွေထားခဲ့) သူ၌ သားသမီး တစ်ဦးတစ်ယောက်မျှပင်မရှိလျှင် သူ့မိဘသာလျှင် အမွေဆက်ခံသူဖြစ်လာ၍ သူ့မိခင်အတွက် သုံးပုံတစ်ပုံကိုလည်းကောင်း၊ (အကယ်၍) ယင်း (အမွေထားခဲ့သူ) ၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမများလည်းရှိ ကြလျှင် သူ့မိခင်အတွက် ခြောက်ပုံတစ်ပုံကိုလည်းကောင်း၊ အမွေခွဲဝေခြင်းကိစ္စနှင့်စပ်လျဉ်း၍ သူ့မှာကြားချက် သို့မဟုတ် သေတမ်းစာအရ ဆောင်ရွက်စရာ ကိစ္စများကို ဆောင်ရွက်ပြီးနောက်၊ သို့တည်းမဟုတ် (ကွယ်လွန်သူမှ ပေးဆပ်ရန်ရှိသော) ကြွေးမြီများကို ပေးဆပ်ပြီးမှသာလျှင် ခွဲဝေကြရမည် ဖြစ်သည်။ (စင်စစ်မူကား) သင်တို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီဘင်များနှင့်သင်တို့၏သား (မြေး၊ မြစ်) များအနက်မှ မည်သူသည် (အမွေ ဆိုင်ပစ္စည်းများ၏) အကျိုးကျေးဇူးကို အရထိုက်ဆုံးဖြစ်ကြောင်း၊ သင်တို့နှင့်သွေးတော်စပ်မှုအရ အနီးစပ်ဆုံး ဖြစ်ကြောင်းကို အသင်တို့ မသိနားမလည်နိုင်ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ (အကောင်းဆုံး ဖြစ်အောင် ညွှန်ကြားတော်မူလျက်) မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ရပ်အဖြစ် ပြဋ္ဌာန်းတော်မူခဲ့ပြီ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ ကောင်းကျိုးဆိုးကျိုးအလုံးစုံကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့အား ထိုသို့ စနစ်တကျနှင့်သဟဇတဖြစ်အောင် ချင့်ချိန်၍ စီရင်ဆုံးဖြတ်ပေးတော်မူရန် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: يوصيكم الله في أولادكم للذكر مثل حظ الأنثيين فإن كن نساء فوق, باللغة البورمية

﴿يوصيكم الله في أولادكم للذكر مثل حظ الأنثيين فإن كن نساء فوق﴾ [النِّسَاء: 11]

❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek