×

ထိုသူတို့သည် ယုံကြည်သူတို့မှ စွန့်ခွာ၍ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား လူယုံမဟာမိတ်၊ အဆွေခင်ပွန်းများအဖြစ် သဘောထားမှတ်ယူကြ၏။ (ထိုသို့ မဟာမိတ်ဖွဲ့ခြင်းဖြင့်) 4:139 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:139) ayat 139 in Burmese

4:139 Surah An-Nisa’ ayat 139 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 139 - النِّسَاء - Page - Juz 5

﴿ٱلَّذِينَ يَتَّخِذُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَيَبۡتَغُونَ عِندَهُمُ ٱلۡعِزَّةَ فَإِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعٗا ﴾
[النِّسَاء: 139]

ထိုသူတို့သည် ယုံကြည်သူတို့မှ စွန့်ခွာ၍ မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား လူယုံမဟာမိတ်၊ အဆွေခင်ပွန်းများအဖြစ် သဘောထားမှတ်ယူကြ၏။ (ထိုသို့ မဟာမိတ်ဖွဲ့ခြင်းဖြင့်) သူတို့က ထိုမဟာမိတ်များထံမှ ဂုဏ်သိက္ခာရှာမှီးနေကြသလော။ သို့ဖြစ်လျှင် (သက်ရှိတို့အနက် လူသားတို့အား ဂုဏ်သိက္ခာအကြောင်း သိနိုင်စွမ်းပေးအပ်တော်မူသည့်) အလ္လာဟ်အရှင်မြတ်သည်သာ ဧကန်မုချ၊ ဂုဏ်သိက္ခာ၊ ဂုဏ်ကျက်သရေနှင့်၊ ခမ်းနားထည်ဝါမှုအလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: الذين يتخذون الكافرين أولياء من دون المؤمنين أيبتغون عندهم العزة فإن العزة, باللغة البورمية

﴿الذين يتخذون الكافرين أولياء من دون المؤمنين أيبتغون عندهم العزة فإن العزة﴾ [النِّسَاء: 139]

Ba Sein
၁၃၉။ ထိုသူတို့သည် ယုံကြည်သူတို့အစား မိစ္ဆာဒိဌိတို့ကို မိတ်ဆွေများအဖြစ် ရွေးချယ်ကြ၏။ သူတို့သည် ထိုမိစ္ဆာမိုက်တို့ထံမှ တန်ခိုးအာဏာ မျှော်လင့်ကြသလော။ မှတ်သားကြလော့။ ခပ်သိမ်းကုန်သော တန်ခိုးအာဏာတို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်၌သာလျှင် ရှိကြ၏။
Ghazi Mohammad Hashim
အကြင် (‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်) တို့သည် ‘မုအ်မင်န်’ တို့အား စွန့်လွှတ်ပြီး ‘ကာဖိရ်’တို့ကို အဆွေခင်ပွန်းများ ပြုလုပ်ကြလေသည်။ ၎င်းတို့သည် ထို‘ကာဖိရ်’တို့ထံတွင် ဂုဏ်အင်ဒြဗ် ရှာဖွေကြလေသလော။ သို့ဖြစ်လျှင် ဂုဏ်အင်ဒြဗ်ဟူသမျှတို့သည် မုချဧကန် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်သာတည်း။
Hashim Tin Myint
ထိုသူများသည် မုအ်မင်န်များကို စွန့်လွှတ်ပြီး ကာဖိရ်များကို မိတ်‌ဆွေပြုလုပ်ကြသည်။ ထိုသူများသည် ကာဖိရ်များထံတွင် ဂုဏ်သိက္ခာရှာ‌ဖွေကြသ‌လော။ သို့ဖြစ်လျှင် ဂုဏ်သိက္ခာဟူသမျှသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အတွက်ချည်းသာဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek