×

မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်၍ အရှင့်စည်းမျဉ်းဥပဒေဘောင်များအား ကျူးလွန်ဖောက်ဖျက်လျှင် ထိုသူအား (ငရဲ) မီးထဲသို့ ဝင်စေတော်မူပြီး ယင်း (ငရဲ) မီး 4:14 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:14) ayat 14 in Burmese

4:14 Surah An-Nisa’ ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 14 - النِّسَاء - Page - Juz 4

﴿وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدۡخِلۡهُ نَارًا خَٰلِدٗا فِيهَا وَلَهُۥ عَذَابٞ مُّهِينٞ ﴾
[النِّسَاء: 14]

မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်၍ အရှင့်စည်းမျဉ်းဥပဒေဘောင်များအား ကျူးလွန်ဖောက်ဖျက်လျှင် ထိုသူအား (ငရဲ) မီးထဲသို့ ဝင်စေတော်မူပြီး ယင်း (ငရဲ) မီး ထဲ၌ပင် ကာလအကန့်သတ်မဲ့ ခံစားရလိမ့်မည်။ ထို့ပြင် ထိုသူအတွက် ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်ကိုလည်း ပြင်ဆင်ထားခဲ့ပြီဖြစ်၏။

❮ Previous Next ❯

ترجمة: ومن يعص الله ورسوله ويتعد حدوده يدخله نارا خالدا فيها وله عذاب, باللغة البورمية

﴿ومن يعص الله ورسوله ويتعد حدوده يدخله نارا خالدا فيها وله عذاب﴾ [النِّسَاء: 14]

Ba Sein
၁၄။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ် တမန်တော်ကို မနာခံ တရားတော်ကို ကျုးလွန်၏။ ထိုသူအား ငရဲမီးထဲတွင် အစဉ်အမြဲနေရန်၊ ငရဲမီးထဲသို့ သွတ်သင်းတော်မူလတ္တံ့။ ထိုသူ၏အပြစ်ဒဏ်မှာ အလွန်ရှက်ဖွယ်ဖြစ်၏။
Ghazi Mohammad Hashim
သို့ရာတွင် အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း သွေဖည်ငြင်းပယ်၍ ထိုအရှင်မြတ်၏ စည်းမျဉ်းဥပဒေများကိုလည်း ကျူးကျော်ဖောက်ဖျက်သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းသူအား (ငရဲ) မီးထဲသို့ ဝင်ရောက်စေတော်မူအံ့။ ထိုသူသည် ယင်း (ငရဲမီး) ထဲ၌ ထာဝစဉ် နေထိုင်ရပေမည်။ ၎င်းပြင် ထိုသူအဖို့ ဂုဏ်အသရေပျက်ပြားစေသော အပြစ်ဒဏ်သည်လည်းရှိအံ့။
Hashim Tin Myint
ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်၏ အမိန့်‌တော်များကို ‌သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်၏စည်းမျဉ်းဥပ‌ဒေများကို ကျူး‌ကျော်‌ဖောက်ဖျက်လျှင် အရှင်မြတ်သည် ထိုသူ့ကို (ငရဲ)မီးထဲသို့ သွတ်သွင်း‌တော်မူမည်။ ထိုထဲတွင် အမြဲ‌နေထိုင်ကြရမည်ဖြစ်သည်။ ၎င်းပြင် ထိုသူ့အတွက် သိက္ခာကျ‌စေ‌သော အပြစ်ဒဏ်လည်းရှိမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek