×

သို့ရာတွင် (ခြွင်းချက်အဖြစ် ငရဲဘုံမှ ကင်းလွတ်ရမည့်ပုဂ္ဂိုလ်များမှာ) နောင်တကြီးစွာ အမှားအတွက် ဝန်ချတောင်းပန်ပြီး အရှင်မြတ်ဘက်သို့ လှည့်ကြသူများ၊ အရှင့်လမ်းစဉ်တော်နှင့်အညီ ပြုပြင်ပြောင်းလဲကြ သူများ၊ 4:146 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:146) ayat 146 in Burmese

4:146 Surah An-Nisa’ ayat 146 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 146 - النِّسَاء - Page - Juz 5

﴿إِلَّا ٱلَّذِينَ تَابُواْ وَأَصۡلَحُواْ وَٱعۡتَصَمُواْ بِٱللَّهِ وَأَخۡلَصُواْ دِينَهُمۡ لِلَّهِ فَأُوْلَٰٓئِكَ مَعَ ٱلۡمُؤۡمِنِينَۖ وَسَوۡفَ يُؤۡتِ ٱللَّهُ ٱلۡمُؤۡمِنِينَ أَجۡرًا عَظِيمٗا ﴾
[النِّسَاء: 146]

သို့ရာတွင် (ခြွင်းချက်အဖြစ် ငရဲဘုံမှ ကင်းလွတ်ရမည့်ပုဂ္ဂိုလ်များမှာ) နောင်တကြီးစွာ အမှားအတွက် ဝန်ချတောင်းပန်ပြီး အရှင်မြတ်ဘက်သို့ လှည့်ကြသူများ၊ အရှင့်လမ်းစဉ်တော်နှင့်အညီ ပြုပြင်ပြောင်းလဲကြ သူများ၊ အလ္လာဟ်အရှင်မြတ် (နှင့်အရှင့်ကျမ်းတော်ကို) မြဲမြံစွာ ဆုပ်ကိုင်ဖက်တွယ်ထားသူများနှင့်အလ္လာဟ်အရှင် မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို စိတ်စေတနာဖြူစင်သန့်ရှင်းစွာဖြင့် မြဲမြံစွာ ယုံကြည်လိုက်နာ သူများဖြစ်ကြပြီးနောက် ထိုသူတို့သည့် စစ်မှန်သော ယုံကြည်သူတို့နှင့်အတူ ရပ်တည်ကြသူများ ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့အား မကြာမီ ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလဒ်တစ်ခု ချီးမြှင့်တော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: إلا الذين تابوا وأصلحوا واعتصموا بالله وأخلصوا دينهم لله فأولئك مع المؤمنين, باللغة البورمية

﴿إلا الذين تابوا وأصلحوا واعتصموا بالله وأخلصوا دينهم لله فأولئك مع المؤمنين﴾ [النِّسَاء: 146]

Ba Sein
၁၄၆။ သို့သော် အကြင်သူတို့သည် သတိနောင်တရကြ၏။ မိမိကိုယ်ကို မိမိ ပြုပြင်ကြ၏။ အလ္လာဟ် အသျှင်မြတ်အား မြဲစွာဆည်းကပ်ကြ၏။ မိမိတို့ဘာသာတရားကို အလ္လာဟ်အတွက်သာ သန့်ရှင်း အောင် လုပ်ကြ၏။ ထိုသူတို့သည် ယင်းသို့ခံစားရမည်မဟုတ်ပေ။ ဤသူတို့သည် ယုံကြည်သူတို့နှင့် အတူတကွရှိကြ၏။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့အား အောင်ဆုမင်္ဂလာတော်ကြီးကို ပေးသနားတော်မူမည်။
Ghazi Mohammad Hashim
သို့ရာတွင် အကြင်သူတို့သည် သတိသံဝေဂ နောင်တတရားရရှိခဲ့ကြသည့်ပြင် ၎င်းတို့သည် မိမိတို့၏အခြေအနေကိုလည်း ပြုပြင်ခဲ့ကြကုန်အံ့။ ထိုမှတစ်ပါး ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် (၏ အမိန့်တော်များ) ကိုလည်း မြဲမြံစွာ ဖက်ကိုင်ထားခဲ့ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏သာသနာကိုလည်း သီးသန့် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်စေခဲ့ကြကုန်အံ့။ ထိုသူတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသောသူတို့နှင့် အတူတကွရှိကြလတ္တံ့။ ၎င်းပြင် မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ကြီးကျယ်မြင့်မြတ်လှသော အကျိုးဆုလဒ်ကို ချီးမြှင့်ပေးသနားတော်မူအံ့။
Hashim Tin Myint
သို့ရာတွင် အကြင်သူများသည် ‌နောင်တရ အမှားဝန်ခံပြီး ပြုပြင်ခဲ့ကြမည်၊ ၎င်း‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်‌တော်များ)ကိုလည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြမည်၊ ထို့ပြင် သူတို့၏သာသနာကိုလည်း အလ္လာဟ်အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေခဲ့ကြမည်ဆိုလျှင် ထိုသူများသည် အီမာန်ယုံကြည်သူများနှင့် အတူတကွရှိလိမ့်မည်။* ထို့ပြင် မကြာမီ အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို ကြီးကျယ်မြင့်မြတ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek