×

(ယေရှုခရစ်တော်ဟု ခေါ်ကြသည့်) မစီဟ် (ခေါ် လူသားတို့အား အရှင့်အမိန့်ပညတ်ဖြင့် သွန်သင်၍ ငရဲမီးမှ ကယ်တင်ရန် စေလွှတ်တော်မူခြင်းခံရသူ) သည် အလ္လာဟ်အရှင်မြတ် 4:172 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:172) ayat 172 in Burmese

4:172 Surah An-Nisa’ ayat 172 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 172 - النِّسَاء - Page - Juz 6

﴿لَّن يَسۡتَنكِفَ ٱلۡمَسِيحُ أَن يَكُونَ عَبۡدٗا لِّلَّهِ وَلَا ٱلۡمَلَٰٓئِكَةُ ٱلۡمُقَرَّبُونَۚ وَمَن يَسۡتَنكِفۡ عَنۡ عِبَادَتِهِۦ وَيَسۡتَكۡبِرۡ فَسَيَحۡشُرُهُمۡ إِلَيۡهِ جَمِيعٗا ﴾
[النِّسَاء: 172]

(ယေရှုခရစ်တော်ဟု ခေါ်ကြသည့်) မစီဟ် (ခေါ် လူသားတို့အား အရှင့်အမိန့်ပညတ်ဖြင့် သွန်သင်၍ ငရဲမီးမှ ကယ်တင်ရန် စေလွှတ်တော်မူခြင်းခံရသူ) သည် အလ္လာဟ်အရှင်မြတ် (၏အမိန့်တော်များကို တစ်သ ဝေမတိမ်းနာခံလိုက်နာရန်) အတွက် အရှင့်အစေခံတစ်ဦးဖြစ်ခြင်း၌ မည်သည့်အခါမျှ မည်သည့်နည်းနှင့်မျှ တွန့်ဆုတ်ဖွယ်ရာ၊ အထင်သေးခံရဖွယ်ရာအဖြစ် အောက်ကျနောက်ကျသည်ဟု သဘောထား လိမ့်မည် မဟုတ်ရုံသာ မကအရှင့်အပါးတော်မြဲကြသော မလာအီကာစေတမန်များလည်း အလားတူ သဘောထားကြလိမ့်မည် မဟုတ်ပေ။ မည်သူမဆို အရှင့်အစေခံဖြစ်ခြင်းကို မတူမတန်ဟု သဘောထားကာ မာနထောင်လွှားလျှင် အရှင်မြတ်သည် သူတို့အားလုံးအား မကြာမီ အရှင့်ထံသို့ စုရုံးစေတော်မူမည် (ကို သတိရကြလော့)။

❮ Previous Next ❯

ترجمة: لن يستنكف المسيح أن يكون عبدا لله ولا الملائكة المقربون ومن يستنكف, باللغة البورمية

﴿لن يستنكف المسيح أن يكون عبدا لله ولا الملائكة المقربون ومن يستنكف﴾ [النِّسَاء: 172]

Ba Sein
၁၇၂။ ခရစ်တော်က အလ္လာဟ်အသျှင်မြတ်၏ကျေးကျွန်တမန်တော်ဖြစ်ရခြင်းသည် အလွန်သေးသိမ် ဂုဏ်နိမ့်သည်ဟု ဘယ်သောအခါမှ ယူဆလိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ မျက်နှာရသော ကောင်းကင်တမန်တော်တို့လည်း ယင်းသို့ယူဆကြလိမ့်မည်မဟုတ်ပေ။ အကြင်သူက အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ထမ်းခြင်းသည် ယုတ်ညံ့သိမ်ဖျင်းသည်ဟုထင်မှတ်၍ မာန်မာန ကြီး၏။ ထိုသူကဲ့သို့သောသူတို့အားလုံးကို အသျှင်မြတ်သည် ရှေ့မှောက်တော်သို့ စုရုံးတော်မူလိမ့် မည်။
Ghazi Mohammad Hashim
(နဗီတမန်တော်) ‘မစီဟ်’ (အီစာ) သည်လည်းကောင်း၊ အပါးတော်မြဲ ‘မလာအိကဟ်’ စေတမန်အပေါင်းတို့သည်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကျွန်ဖြစ်ခြင်းကို (ဂုဏ်ရည်ယုတ်ညံ့ ရှက်ဖွယ်ရာဖြစ်သည်ဟု အလျင်းထင်မှတ်ကြမည်မဟုတ်ပေ။ အလျင်း စက်ဆုပ်ကြမည်လည်းမဟုတ်ပေ) ။ သို့ရာတွင် မည်သူမဆို ထိုအရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို စက်ဆုပ်၍ မာန်မာနထောင်လွှားသည်ရှိသော် ထိုအရှင်မြတ်သည် မကြာမြင့်မီ ထို (ကဲ့သို့သော) သူအားလုံးတို့ကို မိမိအထံတော်သို့ (စစ်ဆေးမေးမြန်းခြင်းငှာ) စုရုံးစေတော်မူအံ့။
Hashim Tin Myint
မစီဟ်(တမန်‌တော်အီစာ)နှင့် အပါး‌တော် ‌စေတမန်များသည် အလ္လာဟ်အရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို ‌သေးသိမ်သည်ဟု မည်သည့်အခါမှ ထင်မှတ်ကြမည်မဟုတ်‌ပေ။ ၎င်းပြင် မည်သူမဆို အရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို ‌သေးသိမ်သည်ဟုထင်ပြီး မာန‌ထောင်ခဲ့လျှင် အရှင်မြတ်သည် မကြာမီ ထိုသူအားလုံးကို အရှင်မြတ်ထံ‌တော်သို့ (စစ်‌ဆေးရန်)စုရုံး‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek