Quran with Burmese translation - Surah An-Nisa’ ayat 171 - النِّسَاء - Page - Juz 6
﴿يَٰٓأَهۡلَ ٱلۡكِتَٰبِ لَا تَغۡلُواْ فِي دِينِكُمۡ وَلَا تَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ إِنَّمَا ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ رَسُولُ ٱللَّهِ وَكَلِمَتُهُۥٓ أَلۡقَىٰهَآ إِلَىٰ مَرۡيَمَ وَرُوحٞ مِّنۡهُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۖ وَلَا تَقُولُواْ ثَلَٰثَةٌۚ ٱنتَهُواْ خَيۡرٗا لَّكُمۡۚ إِنَّمَا ٱللَّهُ إِلَٰهٞ وَٰحِدٞۖ سُبۡحَٰنَهُۥٓ أَن يَكُونَ لَهُۥ وَلَدٞۘ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَكَفَىٰ بِٱللَّهِ وَكِيلٗا ﴾
[النِّسَاء: 171]
﴿ياأهل الكتاب لا تغلوا في دينكم ولا تقولوا على الله إلا الحق﴾ [النِّسَاء: 171]
Ba Sein ၁၇၁။ အို-ရှေးကျမ်းတော်များရသောအမျိုးသားတို့ သင်တို့သည် မိမိတို့ဘာသာတရားတော်၌ မိမိတို့ အလိုရှိရာကို မဖန်တီးမချဲ့ထွင်ကြလင့်။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မှန်သောစကားမှ တစ်ပါး အခြားစကားတစ်ခွန်းတပါဒမျှ မပြောဆိုကြလင့်။ မရယမ်၏သား အီဆာဖြစ်သော မေရှိယာ သည် အလ္လာဟ်အသျှင်မြတ်စေလွှတ်တော်မူသော တမန်တော်တစ်ပါးသာဖြစ်၏။ မရယမ်ထံသို့ ပေးထားသော်မူသော ဗျာဒိတ်စကားတော်ဖြစ်၏။ အသျှင်မြတ်ထံတော်မှ ဝိညာဉ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်တို့ကို ယုံကြည်ကြလော့။ ''သုံးဦး''ဟု မဆိုကြလင့်။ ရပ်တန့်ကြလော့။ ယင်းရပ်တန့်ခြင်းသည် သင်တို့အတွက် သာလွန် ကောင်းမွန်၏။ အလ္လာဟ်အသျှင်မြတ်သည် တစ်ဆူတည်းသောအသျှင်သခင်ဖြစ်တော်မူ၏။ သားရတနာရှိခြင်း၊ အညစ်အကြေးသည် အသျှင်မြတ်၏ အလွန်မြင့်မြတ်သန်ရှင်း စုံလင်တော်မူခြင်း ဂုဏ်တော်နှင့် ဖီလာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ် ရှိရှိသမျှအပေါင်းတို့ကို သိမ်းရုံးစိုးပိုင်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကာကွယ်စောင့်ရှောက် သူအဖြစ်ဖြင့် လုံလောက်တော်မူ၏။ |
Ghazi Mohammad Hashim အို- ရှေးအထက် ပရိယတ္တိ ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ဘာသာသာသနာ၌ အလွန်အကျူးလွန်ကဲခြင်းလည်း မပြုကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်အကန်ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာ ပြောဆိုခြင်းကိုလည်း မပြုကြကုန်လင့်။ မရ်ယမ်၏သားတော် (နဗီတမန်တော်) ‘မစီဟ်’အီစာသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မျှသာ ဖြစ်ချေသည်။ ၎င်းပြင် (နဗီတမန်တော်အီစာသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်သတင်းစကားလည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသတင်းစကားကို မရ်ယမ်၏ထံသို့ ပို့ဆောင်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်အထံတော်မှ ဝိညာဉ်လည်းဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ယုံကြည်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (ကိုးကွယ်ရာဘုရား၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်) သုံးပါးရှိသည်ဟူ၍ မပြောဆိုကြကုန်လင့်။ အသင်တို့သည် (ယင်းကဲ့သို့ပြောခြင်းမှ) ရပ်စဲကြလေကုန်။ (သို့ရပ်စဲခြင်သည်) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်လတ္တံ့။အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်သည်သာ ဖြစ်တော်မူလေ၏။ ထိုအရှင်မြတ်သည် မိမိ၌သားရှိခြင်းမှ ကင်းစင်တော်မူ၏။ မိုးကောင်းကင်၌ ရှိသမျှတို့သည်လည်းကောင်း၊ မြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာဖြစ်ကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အရာရာကို စီမံပြုလုပ်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ (ရကူ) |
Hashim Tin Myint အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် အသင်တို့၏သာသနာထဲတွင် အစွန်းရောက်လွန်ကဲမှု မပြုကြလေနှင့်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အမှန်ပြောသည်မှလွဲ၍ အခြားပြောဆိုမှု မပြုကြနှင့်။* မရ်ယမ်၏သား မစီဟ်အီစာသည် အလ္လာဟ်အရှင်မြတ်၏တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော)စကားတော်ပင်ဖြစ်သည်။* အရှင်မြတ်သည် ထိုစကားတော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော)ဝိညာဉ်လည်းဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်များအားလုံးကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် (ကိုးကွယ်ထိုက်သောအရှင်)သုံးပါးရှိသည်ဟု မပြောကြနှင့်။ အသင်တို့သည် (ထိုကဲ့သို့ပြောခြင်းများကို)ရပ်စဲကြပါ။ (၎င်းသည်) အသင်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းသော ကိုးကွယ်ခံထိုက်တော်မူသည့်အရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်၌ သားသမီးရှိခြင်းမှလည်း ကင်းစင်တော်မူသည်။* မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် ကြည့်ရှုစောင့်ရှောက်တော်မူသောအရှင်၊ အလွန်ယုံပုံလွှဲအပ်ခြင်း ခံထိုက်တော်မူသောအရှင်အဖြစ် လုံလောက်တော်မူသည်။ |