×

ထိုသူတို့သည် အသင် (တမန်တော်) အား (အမွေဆက်ခဲ့မည့် မျိုးဆက်မရှိသူတို့နှင့်စပ်လျဉ်း၍) အသင့် စီရင်ထုံးကို တရားဝင်ထုတ်ပြန်ရန် တောင်းဆိုနေကြ၏။ သူတို့အား ''အလ္လာဟ်အရှင်မြတ်သည် 4:176 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:176) ayat 176 in Burmese

4:176 Surah An-Nisa’ ayat 176 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 176 - النِّسَاء - Page - Juz 6

﴿يَسۡتَفۡتُونَكَ قُلِ ٱللَّهُ يُفۡتِيكُمۡ فِي ٱلۡكَلَٰلَةِۚ إِنِ ٱمۡرُؤٌاْ هَلَكَ لَيۡسَ لَهُۥ وَلَدٞ وَلَهُۥٓ أُخۡتٞ فَلَهَا نِصۡفُ مَا تَرَكَۚ وَهُوَ يَرِثُهَآ إِن لَّمۡ يَكُن لَّهَا وَلَدٞۚ فَإِن كَانَتَا ٱثۡنَتَيۡنِ فَلَهُمَا ٱلثُّلُثَانِ مِمَّا تَرَكَۚ وَإِن كَانُوٓاْ إِخۡوَةٗ رِّجَالٗا وَنِسَآءٗ فَلِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۗ يُبَيِّنُ ٱللَّهُ لَكُمۡ أَن تَضِلُّواْۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمُۢ ﴾
[النِّسَاء: 176]

ထိုသူတို့သည် အသင် (တမန်တော်) အား (အမွေဆက်ခဲ့မည့် မျိုးဆက်မရှိသူတို့နှင့်စပ်လျဉ်း၍) အသင့် စီရင်ထုံးကို တရားဝင်ထုတ်ပြန်ရန် တောင်းဆိုနေကြ၏။ သူတို့အား ''အလ္လာဟ်အရှင်မြတ်သည် ကလာလဟ် (ခေါ် အမွေဆက်ခဲ့မည့်မျိုးဆက်မရှိသူ) နှင့်စပ်လျဉ်း၍ (ဤသို့စီရင်ဆုံးဖြတ်ရန်) တရားဝင်ထုတ်ပြန်တော်မူကြောင်း” ဟောပြောလော့။ သားသမီး တစ်ဦးတစ်ယောက်မျှ မရှိဘဲ ညီမ/အစ်မတစ်ဦးတည်းသာရှိသော အမျိုးသားတစ်ဦး ကွယ်လွန်သော် သူမထားခဲ့သမျှမှ (ကျန်ရစ်သူ ညီမ/အစ်မအတွက်) ထက်ဝက်နှင့် အကယ်၍ (အမွေထားခဲ့လျက်) ကွယ်လွန်သွားသူတွင် သားသမီးတစ်ဦးတစ်ယောက်မျှမရှိဘဲ ကွယ်လွန်ခဲ့သော် ကျန်ရစ်သူ (အစ်မ/ညီမ) သည် (သူမထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေအဖြစ် ရနိုင်၏။ တစ်ဖန် အကယ်၍ ညီမအစ်မ နှစ်ယောက် ရှိခဲ့ကြ ပါလျှင် သူမတို့နှစ်ဦးအတွက် ထိုကွယ်လွန်သူထားခဲ့သော အမွေဆိုင်ပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရပိုင်ခွင့်ရှိ၏။ သို့သော် အကယ်၍ ညီအစ်ကိုမောင်နှမများ ရှိကြလျှင် အမျိုးသားတစ်ဦးအတွက် အမျိုးသမီးနှစ်ဦး၏ဝေစုဝေပုံ နှင့်အညီအမျှ ရရှိစေရမည် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ လမ်းမှားသို့ မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရှင်းလင်းစေတော်မူခြင်း ဖြစ်၏၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၌ ရှိသင့်ရှိထိုက်သော အရည်အသွေးနှင့်အခွင့်အရေးတို့ကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: يستفتونك قل الله يفتيكم في الكلالة إن امرؤ هلك ليس له ولد, باللغة البورمية

﴿يستفتونك قل الله يفتيكم في الكلالة إن امرؤ هلك ليس له ولد﴾ [النِّسَاء: 176]

Ba Sein
၁၇၆။ သူတို့သည် သင်တမန်တော်ထံမှ စီရင်ထုံးတစ်ခုကို တောင်းဆိုကြ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် ဆွေဝေးမျိုးဝေးတို့နှင့်ပတ်သက်၍ ပညတ်ပြဌာန်းတော်မူပြီ။ အကယ်၍ ယောကျ်ားတစ်ယောက်သည် သားသမီးမရှိဘဲ ကွယ်လွန်သေဆုံး၍ အစ်မ၊ သို့မဟုတ် နှမ တစ်ယောက်ကျန်ရှိသော် သူမ၏ ဝေစုမှာ အမွေပစ္စည်းတစ်ဝက်ဖြစ်၏။ သူမသည် သားသမီးမရှိဘဲ သေလျှင် သူလည်း ထိုနည်းတူ သူမထံမှ အမွေရမည်။ အကယ်၍ အစ်မနှစ်ယောက်သော် လည်းကောင်း၊ နှမ နှစ်ယောက်သော်လည်းကောင်း၊ အစ်မ၊ နှမ ပေါင်း နှစ်ယောက်သော် လည်းကောင်းရှိကြလျှင် သူတို့၏ဝေစုမှာ အမွေပစ္စည်းသုံးပုံနှစ်ပုံဖြစ်၏။ ညီအစ်ကို မောင်နှမတို့ ဖြစ်ကြလျှင် ယောကျ်ားတစ်ယောက်၏ဝေစုသည် မိန်းမနှစ်ယောက်၏ ဝေစုနှင့်တူညီရမည်။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အမှားမပြုစေခြင်းငှား တရားတော်ကို ရှင်းလင်းထုတ်ပြန်တော် မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို သိတော်မူသော အနန္တဉာဏ်တော်ရှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို- နဗီတမန်တော်) ထိုသူတို့သည် (မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသော ‘ကလာလဟ်’ ယောက်ျား၏အမွေနှင့်စပ်လျဉ်းသော) တရားစီရင်ဆုံးဖြတ်ချက်ကို အသင့်အား မေးမြန်းကြကုန်သည်။ အသင်သည် (ထိုသူတို့အား ဤသို့) ဖြေကြားပါလေ။ “အလ္လာဟ်အရှင်မြတ်သည် (ကလာလဟ်) မိဘ၊ သားသမီး တစ်စုံတစ်ယောက်မျှမရှိသောယောက်ျား (၏အမွေ) နှင့်စပ်လျဉ်း၍ (ဤသို့) အဆုံးအဖြတ်ပေးတော်မူလေသည်။ အကယ်၍ အကြင်ယောက်ျားတစ်ဦးတစ်ယောက်သည် သေကြေပျက်စီး၍ ထိုသူ၌ သားသမီးတစ်စုံတစ်ယောက်မျှမရှိဘဲ နှမ (သို့မဟုတ် အစ်မ) တစ်ယောက်သာရှိခဲ့မူ၊ ထိုနှမ (သို့မဟုတ်အစ်မ) သည် ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်း၏ထက်ဝက်ကို ရရှိပေအံ့။ (အကယ်၍ ထိုနှမသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း သေဆုံး၍) ၎င်း၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိခဲ့ပါလျှင် ထို (ကလာလဟ်) ယောက်ျားသည်လည်းကောင်း၊ (ထားရှိခဲ့သောပစ္စည်းအားလုံး) ကို အမွေဆိုင်၏။ တစ်ဖန် အကယ်၍ (သေဆုံးသော ထို ‘ကလာလဟ်’ ယောက်ျား၌) အစ်မ (သို့မဟုတ် အစ်မနှင့်နှမ) နှစ်ယောက်ရှိခဲ့ကြပါလျှင်၊ ၎င်းတို့နှစ်ဦးသည် ထို ‘ကလာလဟ်’ ယောက်ျားထားရှိခဲ့သော အမွေပစ္စည်းအနက်မှ သုံးပုံနှစ်ပုံကို ရရှိကြလတ္တံ့။ အကယ်၍သာ ၎င်း (သေဆုံးသူ ‘ကလာလဟ်’ ယောက်ျားအမွေစားအမွေခံ) တို့သည် ညီအစ်ကိုမောင်နှမများ၊ ယောက်ျားရော မိန်းမပါ ရှိနေကြပါမူ၊ ယောက်ျား (တစ်ယောက်) သည် မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ညီတူညီမျှရရှိပေအံ့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော်မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ)
Hashim Tin Myint
သူတို့သည် အသင်(တမန်‌တော်)ထံသို့ (ကလာဟ်၏စီရင်ဆုံးဖြတ်ချက်ကို) လာ‌ရောက်ပြီး ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် ကလာဟ်*နှင့်ပတ်သက်၍ (ဤသို့) ဆုံးဖြတ်ချက်‌ပေး‌တော်မူသည်။ အကယ်၍ အကြင်‌ယောက်ျားတစ်ဦးတစ်‌ယောက်သည် ‌သေဆုံးပြီး သူ့တွင် သားသမီးတစ်ဦးမှမရှိဘဲ အစ်မသို့မဟုတ်နှမတစ်ဦးသာရှိခဲ့လျှင် ထိုအစ်မသို့မဟုတ်နှမသည် ‌သေဆုံးသူ ကလာဟ်‌ယောက်ျားထားခဲ့‌သော အ‌မွေပစ္စည်း၏တစ်ဝက်ကိုရရှိမည်။ (အကယ်၍ ထိုအစ်မသို့မဟုတ်နှမ ‌သေဆုံးပြီး) သူမတွင် သားသမီးမရှိခဲ့လျှင် ထိုကလာဟ်‌ယောက်ျားသည် (အစ်မသို့မဟုတ်နှမ ထားခဲ့‌သောပစ္စည်းအားလုံး)ကို အ‌မွေဆိုင်သည်။ ထို့‌နောက် အကယ်၍ (‌သေဆုံး‌သော ကလာဟ်‌ယောက်ျားတွင်) အစ်မသို့မဟုတ်နှမ နှစ်ဦးရှိခဲ့ကြလျှင်၊ ထိုနှစ်ဦးသည် ထိုကလာဟ်‌ယောက်ျားထားခဲ့‌သော အ‌မွေပစ္စည်းထဲမှ သုံးပုံနှစ်ပုံရရှိကြမည်။ အကယ်၍ ထို(‌သေဆုံး‌သော ကလာဟ်‌ယောက်ျား၏ အ‌မွေစားအ‌မွေခံ)သူများသည် ‌ယောက်ျားနှင့်မိန်းမ ‌ရော‌နှော‌နေ‌သော ညီအစ်ကို ‌မောင်နှမများဖြစ်ကြလျှင်၊ ‌ယောက်ျား(တစ်ဦး)သည် မိန်းမနှစ်ဦး၏ ‌ဝေစု‌ဝေပုံနှင့် ညီတူညီမျှ ရရှိမည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မ‌ရောက်ကြ‌စေရန်အတွက် အသင်တို့အား ရှင်းလင်းစွာ မိန့်ကြား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek