×

သင်တို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သဘောတူလက်ခံလျှက် ပြတ်သားခိုင်မာသော မင်္ဂလာကတိပဋိညာဉ်ဖြင့် အနှောင်ဖွဲ့ခြင်း အတည်ဖြစ်ခဲ့ပြီးမှ သူမတို့သာ ပိုင်ဆိုင်သည့်အရာကို မည်သို့ မတရားရယူလို 4:21 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:21) ayat 21 in Burmese

4:21 Surah An-Nisa’ ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 21 - النِّسَاء - Page - Juz 4

﴿وَكَيۡفَ تَأۡخُذُونَهُۥ وَقَدۡ أَفۡضَىٰ بَعۡضُكُمۡ إِلَىٰ بَعۡضٖ وَأَخَذۡنَ مِنكُم مِّيثَٰقًا غَلِيظٗا ﴾
[النِّسَاء: 21]

သင်တို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သဘောတူလက်ခံလျှက် ပြတ်သားခိုင်မာသော မင်္ဂလာကတိပဋိညာဉ်ဖြင့် အနှောင်ဖွဲ့ခြင်း အတည်ဖြစ်ခဲ့ပြီးမှ သူမတို့သာ ပိုင်ဆိုင်သည့်အရာကို မည်သို့ မတရားရယူလို ကြမည်နည်း။

❮ Previous Next ❯

ترجمة: وكيف تأخذونه وقد أفضى بعضكم إلى بعض وأخذن منكم ميثاقا غليظا, باللغة البورمية

﴿وكيف تأخذونه وقد أفضى بعضكم إلى بعض وأخذن منكم ميثاقا غليظا﴾ [النِّسَاء: 21]

Ba Sein
၂၁။ သင်တို့သည် ထိုဇနီးမိန်းမထံဝင်ပြီးနောက် သူ၏ခန်းဝင်ပစ္စည်းကို အဘယ်နည်းနှင့် ပြန်ယူနိုင်အံ့ နည်း။ သူတို့သည် သင်တို့ထံမှ ခိုင်မာသောဂတိသစ္စာကို ယူထားပြီးပြီ။
Ghazi Mohammad Hashim
တစ်ဖန် အသင်တို့သည် ဥစ္စာပစ္စည်းများကို အဘယ်ကဲ့သို့ ပြန်၍ယူကြမည်နည်း။ ဧကန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး (အကြင်ဇနီးမောင်နှံအဖြစ် ပေါင်းသင်းဆက်ဆံ) ရောနှောစပ်ယှက်ပြီး ဖြစ်ကြသည့်ပြင်၊ ယင်းဇနီးမိန်းမတို့သည် (မိမိတို့၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍) အသင်တို့ထံမှ ခိုင်မာသောကတိသစ္စာ ပဋိညာဉ်ဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်ကြလေသတည်း။
Hashim Tin Myint
၎င်းပြင် အသင်တို့သည် ပစ္စည်းများကို မည်ကဲ့သို့ပြန်ယူကြမည်နည်း။ အမှန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ‌ပေါင်းသင်းဆက်ဆံခဲ့ကြပြီးဖြစ်သည်။ ၎င်းပြင် ထိုဇနီးမိန်းမများသည် အသင်တို့ထံမှ ခိုင်မာ‌သော ကတိဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek