Quran with Burmese translation - Surah An-Nisa’ ayat 20 - النِّسَاء - Page - Juz 4
﴿وَإِنۡ أَرَدتُّمُ ٱسۡتِبۡدَالَ زَوۡجٖ مَّكَانَ زَوۡجٖ وَءَاتَيۡتُمۡ إِحۡدَىٰهُنَّ قِنطَارٗا فَلَا تَأۡخُذُواْ مِنۡهُ شَيۡـًٔاۚ أَتَأۡخُذُونَهُۥ بُهۡتَٰنٗا وَإِثۡمٗا مُّبِينٗا ﴾
[النِّسَاء: 20]
﴿وإن أردتم استبدال زوج مكان زوج وآتيتم إحداهن قنطارا فلا تأخذوا منه﴾ [النِّسَاء: 20]
Ba Sein ၂ဝ။ အကယ်၍ သင်တို့သည် ဇနီးမိန်းမတစ်ယောက်ကိုပစ်၍ အခြားတစ်ယောက်ကိုယူရန် အကြံပေါက် လာလျှင် သူမအားပေးပြီးသော ခန်းဝင်ပစ္စည်းမှ တစ်စုံတစ်ရာမျှ ပြန်မယူကြလင့်။ သင်တို့သည် ထိုပစ္စည်းကို သူမအား မတရားစွပ်စွဲခြင်း၊ ပြောင်တိုက် မတရားပြုကျင့်ခြင်းတို့ဖြင့် ပြန်ယူကြမည်လော။ |
Ghazi Mohammad Hashim ထို့ပြင်တဝ အကယ်၍ အသင်တို့သည် (ပေါင်းသင်းဆက်ဆံခြင်းငှာ မဖြစ်နိုင်၍) ဇနီးမိန်းမတစ်ဦး (ကိုကွာရှင်းကာ ၎င်း) ၏နေရာ၌ အခြားမိန်းမတစ်ဦးကို ပြောင်းလဲ (ထိမ်းမြား) ရန် ကြံရွယ်ရည်စူး ကြပါမူ၊ အသင်တို့သည် ထို (ပထမ) ဇနီးသည်ကို ပစ္စည်းအမြောက်အမြား ပေးထားခဲ့ကြလင့်ကစား ထိုပစ္စည်းများအနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်၍ မယူကြကုန်လင့်။ အသင်တို့သည် (မိမိတို့ပေးခဲ့ပြီးဖြစ်သော) ပစ္စည်းများကို မဟုတ်မမှန်ပြောဆိုစွပ်စွဲ၍ ထင်ရှားသောပြစ်မှုကို (ကျူးလွန်ကာ) ပြန်၍ ယူလိုကြပါသလော။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်တို့သည် ဇနီးမိန်းမတစ်ဦး(ကို ကွာရှင်းပြီး သူမ)၏နေရာတွင် အခြားမိန်းမတစ်ဦးအား အစားထိုး(ထိမ်းမြား)ရန် ရည်ရွယ်လျှင်၊ အသင်တို့သည် ထို(ပထမ)ဇနီးကို ပစ္စည်းအများအပြားပေးထားခဲ့လျှင်လည်း ထိုပစ္စည်းများထဲမှ အနည်းငယ်မျှပင် ပြန်မယူကြနှင့်။* အသင်တို့သည် (အသင်တို့ပေးထားခဲ့သော) ပစ္စည်းများကို မဟုတ်မမှန် စွပ်စွဲပြီး ထင်ရှားသောပြစ်မှု (ကျူးလွန်ကာ)ပြန်ယူချင်ကြသလော။ |