×

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အနက် အချို့ကို အချို့ထက် (အရှင့်ကျေးဇူးတော်များဖြစ်သည့် ပင်ကိုယ်စွမ်းရည်၊ ဖိုမခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်အကိုင်၊ နေထိုင်ရာဒေသအလိုက်ရရှိနိုင်သည့် အခွင့်အရေးစ သည်တို့ဖြင့်) ဂုဏ်ပေးချီးမြှင့်တော်မူထားသည့်အရာများနှင့်ပတ်သက်၍ 4:32 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:32) ayat 32 in Burmese

4:32 Surah An-Nisa’ ayat 32 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 32 - النِّسَاء - Page - Juz 5

﴿وَلَا تَتَمَنَّوۡاْ مَا فَضَّلَ ٱللَّهُ بِهِۦ بَعۡضَكُمۡ عَلَىٰ بَعۡضٖۚ لِّلرِّجَالِ نَصِيبٞ مِّمَّا ٱكۡتَسَبُواْۖ وَلِلنِّسَآءِ نَصِيبٞ مِّمَّا ٱكۡتَسَبۡنَۚ وَسۡـَٔلُواْ ٱللَّهَ مِن فَضۡلِهِۦٓۚ إِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمٗا ﴾
[النِّسَاء: 32]

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အနက် အချို့ကို အချို့ထက် (အရှင့်ကျေးဇူးတော်များဖြစ်သည့် ပင်ကိုယ်စွမ်းရည်၊ ဖိုမခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်အကိုင်၊ နေထိုင်ရာဒေသအလိုက်ရရှိနိုင်သည့် အခွင့်အရေးစ သည်တို့ဖြင့်) ဂုဏ်ပေးချီးမြှင့်တော်မူထားသည့်အရာများနှင့်ပတ်သက်၍ အငမ်းမရဖြစ်လျှက် မတပ်မက်ကြ လေနှင့်။ အမျိုးသားများအတွက် သူတို့ (၏ရုပ်နာမ်ဆိုင်ရာ ရုန်းကန်ကြိုးစားမှုဖြင့်) ရှာဖွေဆည်းပူးခဲ့သမျှနှင့်အညီ ဝေစု (အကျိုးခံစားခွင့်) ရှိပြီး အမျိုးသမီးများအတွက်လည်း သူမတို့ (၏ ရုပ်နာမ်ဆိုင်ရာ ရုန်းကန်ကြိုးစားမှုဖြင့်) ရှာဖွေဆည်းပူးခဲ့သမျှနှင့်အညီ ဝေစု (အကျိုးခံစားခွင့်) ရှိ၏။ သို့ဖြစ်၍ အရှင့်ကျေးဇူးတော် (ဖြင့် ကမ္ဘာဂြိုဟ် အနှံ့တည်ရှိစေတော်မူသည့် မြေပေါ်မြေအောက်သယံဇတ၊ စွမ်းအင်၊ အရင်းအမြစ်များ) မှ (သင်တို့၏ပင်ကိုယ် စွမ်းရည်အလျောက် ရှာဖွေဖော်ထုတ်ရယူနိုင်မည့် နည်းလမ်းများအတွက်) အရှင့်ထံ တောင်းခံဆုတောင်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည်ပင် (လူသားတို့က ခေတ်အဆက်ဆက်၌ ရှာဖွေဖော်ထုတ်ခဲ့ကြသည့် နည်းပညာအားလုံးအတွက် ဉာဏ်ရည်ဉာဏ်သွေးများပေးအပ်ခဲ့တော်မူသောအရှင်၊) အရာခပ်သိမ်းတို့ကို အကြွင်း မဲ့ သိနေတော်မူသောဉာဏ်တော်အနန္တရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ولا تتمنوا ما فضل الله به بعضكم على بعض للرجال نصيب مما, باللغة البورمية

﴿ولا تتمنوا ما فضل الله به بعضكم على بعض للرجال نصيب مما﴾ [النِّسَاء: 32]

❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek