﴿ٱلرِّجَالُ قَوَّٰمُونَ عَلَى ٱلنِّسَآءِ بِمَا فَضَّلَ ٱللَّهُ بَعۡضَهُمۡ عَلَىٰ بَعۡضٖ وَبِمَآ أَنفَقُواْ مِنۡ أَمۡوَٰلِهِمۡۚ فَٱلصَّٰلِحَٰتُ قَٰنِتَٰتٌ حَٰفِظَٰتٞ لِّلۡغَيۡبِ بِمَا حَفِظَ ٱللَّهُۚ وَٱلَّٰتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَٱهۡجُرُوهُنَّ فِي ٱلۡمَضَاجِعِ وَٱضۡرِبُوهُنَّۖ فَإِنۡ أَطَعۡنَكُمۡ فَلَا تَبۡغُواْ عَلَيۡهِنَّ سَبِيلًاۗ إِنَّ ٱللَّهَ كَانَ عَلِيّٗا كَبِيرٗا ﴾
[النِّسَاء: 34]
အလ္လာဟ်အရှင်မြတ်သည် (လူ့ဘောင်အဖွဲ့အစည်းရေရှည်တည်တံ့ရေးအတွက် အညမညရှိစေရန်အလို့ငှာ) အချို့ကို အချို့ထက် (ခန္တကိုယ်ဖွဲ့စည်းပုံ၊ စွမ်းရည်၊ ဉာဏ်ပညာ စသည်ဖြင့်) အရှင့်ကျေးဇူးတေ်ာကို တိုးမြှင့်ပေးတော်မူသည့်အလျှောက် အမျိုးသားများသည် (သူတို့၏စွမ်းရည်နှင့်အညီ မိသားစု၏စားဝတ်နေရေးအတွက် တာ ဝန်ယူ၍) သူတို့ဝင်ငွေနှင့်ပိုင်ဆိုင်မှုများကို သုံးစွဲသောကြောင့် အမျိုးသမီးများအတွက်ရပ်တည်ရသူများ၊ သူမတို့) အပေါ် ကာကွယ်စောင့်ရှောက်သူနှင့်ကြီးကြပ်အုပ်ထိန်းသူများ ဖြစ်ကြ၏။ သို့ဖြစ်၍ (အမျိုးသမီးများ အနေဖြင့်လည်း) ထိန်းသိမ်းစောင့်ရှောက်မှုကိုခံယူသူများ၊ အရှင့်စည်းမျဉ်းတော်များကို နာခံလျက် (အမျိုးသား များရှာသော ငွေကြေးကို အလွဲသုံးစားမလုပ်ဘဲ ဘဝရှင်သန်ရေးအတွက် အဖော်အဖြစ်) ရပ်တည်ပေးသူများနှင့်အမျိုးသားတို့၏မျက်ကွယ်ရာတွင် အလ္လာဟ်အရှင်မြတ် (က ပေးအပ်တော်မူထားသည့် မိသားစုဂုဏ်သိက္ခာ၊ ကာယိန္ဒြေ၊ အမျိုးသားတို့၏အခွင့်အရေးနှင့်ပိုင်ဆိုင်မှုများကို အရှင်မြတ်) မိန့်တော်မူသည့်အတိုင်း ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြလော့။ အကယ်၍ သင်တို့သည် သူမတို့၌ (ဘဝရပ်တည်မှုကို ထိခိုက်စေနိုင်သည့်) ရိုင်းဆိုင်းစွာ ပြောဆိုဆက်ဆံခြင်းနှင့်အာခံခြင်းတို့ဖြင့် စော်ကားခံရမည်ကို စိုးရိမ်ကြောင့်ကြလျှင် သူမတို့အား (ယဉ်ကျေး သိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမကြလော့။ ထို့နောက် အိပ်ခန်းများ၌ စွန့်ခွာထားကြလော့။ ထို့နောက် နည်းအမျိုးမျိုး ပုံဆောင်ဥပမာအသွယ်သွယ်ဖြင့် နားလည်လာအောင် ရှင်းပြကြလော့။ ထိုသို့ ရှင်းပြခြင်းဖြင့် သင်တို့အား လိုက်နာနာခံကြ (မည်ဟု ပြောကြ) လျှင် သူမတို့၏သဘောဆန္ဒနှင့်ဆန့်ကျင်သည့် မည်သည့်နည်းလမ်းကိုမျှ (သူမတို့အား နှိပ်စက်ရန် ရည်ရွယ်၍) မရှာဖွေကြလေနှင့်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏အိမ်ထောင်ရေးဆိုင်ရာပြဿနာအလုံးစုံကို အပေါ်ဆုံးမှ လွှမ်းခြုံ သိမြင်တော်မူသောအရှင်) အလွန်မြင့် မြတ်ကြီးကဲတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ترجمة: الرجال قوامون على النساء بما فضل الله بعضهم على بعض وبما أنفقوا, باللغة البورمية
﴿الرجال قوامون على النساء بما فضل الله بعضهم على بعض وبما أنفقوا﴾ [النِّسَاء: 34]