×

သို့တည်းမဟုတ်၊ သူတို့က အရှင့်ကျေးဇူးတော်များ (ဖြစ်သော မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်အရင်းအမြစ်များနှင့်၊ လမ်းညွှန်တော်) တို့မှ လူသားတို့အပေါ် အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် အရာများနှင့်စပ်လျဉ်း၍ 4:54 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:54) ayat 54 in Burmese

4:54 Surah An-Nisa’ ayat 54 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 54 - النِّسَاء - Page - Juz 5

﴿أَمۡ يَحۡسُدُونَ ٱلنَّاسَ عَلَىٰ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۖ فَقَدۡ ءَاتَيۡنَآ ءَالَ إِبۡرَٰهِيمَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَءَاتَيۡنَٰهُم مُّلۡكًا عَظِيمٗا ﴾
[النِّسَاء: 54]

သို့တည်းမဟုတ်၊ သူတို့က အရှင့်ကျေးဇူးတော်များ (ဖြစ်သော မြေပေါ်မြေအောက်သယံဇာတများ၊ စွမ်းအင်အရင်းအမြစ်များနှင့်၊ လမ်းညွှန်တော်) တို့မှ လူသားတို့အပေါ် အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် အရာများနှင့်စပ်လျဉ်း၍ မနာလိုဝန်တိုနေကြသလော။ အမှန်ပင် ငါအရှင်မြတ်သည် တမန်တော်အီဗ်ရာဟီမ်၏ မျိုးဆက်အား ကျမ်းတော်နှင့် (တရားစီရင်ရေးဆိုင်ရာ) ဉာဏ်အမြော်အမြင်တို့ကို ပေးအပ်တော်မူပြီး သူတို့အား အုပ်ချုပ်ရေးဆိုင်ရာ ကြီးကျယ်သော အခွင့်အာဏာကိုလည်း ချီးမြှင့်တော်မူခဲ့ပြီ။

❮ Previous Next ❯

ترجمة: أم يحسدون الناس على ما آتاهم الله من فضله فقد آتينا آل, باللغة البورمية

﴿أم يحسدون الناس على ما آتاهم الله من فضله فقد آتينا آل﴾ [النِّسَاء: 54]

Ba Sein
၅၄။ သို့မဟုတ် ထိုသူများသည် လူသားတို့ကို ၎င်းတို့အား အလ္လာဟ်အသျှင်မြတ်က မိမိအနန္တ ကောင်းကြီးမင်္ဂလာတော်မှ ချပေးသနားတော်မူသော ကျေးဇူးတော်ကြောင့် မနာလို ဝန်တိုကြသလော။ အကြောင်းမူကား ငါအသျှင်မြတ်သည် တမန်တော် အီဗရဟီမ်၏သားမြေးတို့အား ကျမ်းတော်နှင့် ပညာအလင်းရောင်ကို ပေးသနားတော်မူ၏။ ထို့ပြင် ငါသည် သူတို့အား အလွန်ကြီးမားသော နိုင်ငံတော်ကို ပေးသနားတော်မူ၏။
Ghazi Mohammad Hashim
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည် အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။
Hashim Tin Myint
သို့မဟုတ်၊ ထို(ယဟူဒီ)များသည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲမှ လူများအား ‌ပေးသနား‌တော်မူ‌သောအရာများနှင့်ပတ်သက်၍ မနာလိုဖြစ်‌နေကြသည်‌လော။ သို့ဖြစ်လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်၏အဆက်အနွယ်များအား ကျမ်းဂန်နှင့် ဉာဏ်ပညာကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် သူတို့အား ကြီးကျယ်‌သော ဩဇာအာဏာကိုလည်း ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek