×

သို့တည်းမဟုတ်၊ သူတို့အတွက် (မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏) စိုးမိုးအုပ်ချုပ်မှုအခွင့်အာဏာမှ ဝေစုတစ်ခု (အထူးအခွင့်အရေးအဖြစ်) ပေးထားသည်ဟု ထင်မှတ်နေသလား။ အကယ်၍ ထိုသို့ပေးအပ်ခြင်းခံခဲ့ကြလျှင် သူတို့က (ယင်းဝေစုမှ) 4:53 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:53) ayat 53 in Burmese

4:53 Surah An-Nisa’ ayat 53 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 53 - النِّسَاء - Page - Juz 5

﴿أَمۡ لَهُمۡ نَصِيبٞ مِّنَ ٱلۡمُلۡكِ فَإِذٗا لَّا يُؤۡتُونَ ٱلنَّاسَ نَقِيرًا ﴾
[النِّسَاء: 53]

သို့တည်းမဟုတ်၊ သူတို့အတွက် (မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏) စိုးမိုးအုပ်ချုပ်မှုအခွင့်အာဏာမှ ဝေစုတစ်ခု (အထူးအခွင့်အရေးအဖြစ်) ပေးထားသည်ဟု ထင်မှတ်နေသလား။ အကယ်၍ ထိုသို့ပေးအပ်ခြင်းခံခဲ့ကြလျှင် သူတို့က (ယင်းဝေစုမှ) လူသားတို့အား စွန်ပလွံစေ့၌ပါရှိသော (နှမ်းစေ့ ထက်သေးသည့်) အစက်ကလေးမျှပင် ခံစားခွင့်ပေးတော်မူလိမ့်မည် မဟုတ်ချေ။

❮ Previous Next ❯

ترجمة: أم لهم نصيب من الملك فإذا لا يؤتون الناس نقيرا, باللغة البورمية

﴿أم لهم نصيب من الملك فإذا لا يؤتون الناس نقيرا﴾ [النِّسَاء: 53]

Ba Sein
၅၃။ သို့မဟုတ် ထိုသူများသည် အလ္လာဟ်အသျှင်မြတ်၏ အချုပ်အခြာအာဏာပိုင်သတော်မူခြင်း၌ ဝေစုရှိကြသလော။ ယင်းသို့ရှိခဲ့လျှင် သူတို့သည့် လူသားတို့အား စွန်ပလွံ့စေ့အပေါ်တွင်ရှိသော အစွန်းကွက်ကလေးမျှလောက်ပင် ပေးကမ်းကြမည်မဟုတ်ပေ။
Ghazi Mohammad Hashim
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီ) တို့၌ တစ်စိတ်တဒေသမျှ ဩဇာအာဏာသည် ရှိလေသလော။ သို့ ရှိခဲ့ပါလျှင် (မိမိတို့ရရှိထားသော ဩဇာအာဏာများအနက်မှ) နှမ်းစေ့ခန့်မျှပင်၊ သူတစ်ပါးတို့အား ပေးကြလိမ့်မည်မဟုတ်ပေ။
Hashim Tin Myint
သို့မဟုတ်၊ ထို(ယဟူဒီ)များတွင် တစ်စိတ်တစ်‌ဒေသမျှ ဩဇာအာဏာ ရှိ‌သော‌ကြောင့်‌လော။ ထိုကဲ့သို့သာရှိခဲ့လျှင် နှမ်း‌စေ့မျှပင် လူများကို ‌ပေးကြမည်မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek