Quran with Burmese translation - Surah An-Nisa’ ayat 58 - النِّسَاء - Page - Juz 5
﴿۞ إِنَّ ٱللَّهَ يَأۡمُرُكُمۡ أَن تُؤَدُّواْ ٱلۡأَمَٰنَٰتِ إِلَىٰٓ أَهۡلِهَا وَإِذَا حَكَمۡتُم بَيۡنَ ٱلنَّاسِ أَن تَحۡكُمُواْ بِٱلۡعَدۡلِۚ إِنَّ ٱللَّهَ نِعِمَّا يَعِظُكُم بِهِۦٓۗ إِنَّ ٱللَّهَ كَانَ سَمِيعَۢا بَصِيرٗا ﴾
[النِّسَاء: 58]
﴿إن الله يأمركم أن تؤدوا الأمانات إلى أهلها وإذا حكمتم بين الناس﴾ [النِّسَاء: 58]
Ba Sein ၅၈။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သူတစ်ပါးအပ်နှံထားသောပစ္စည်းများ ကို ပိုင်ရှင်များသို့ပြန်ပေးရန် ပညတ်တော်မူ၏။ သင်တို့သည် လူသားတို့အလယ်တွင် တရားစီရင်လျှင် ဖြောင့်မတ်မှန်ကန်စွာစီရင်ရန်လည်း ပညတ်တော်မူ၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ပေးသနားတော်မူသော ဤသြဝါဒတော်သည် သင့်တင့်လျှောက်ပတ်၏။ မှတ်သားကြ လော့။ အလ္လာဟ်အသျှင်မြတ်သည် အမြဲကြားတော်မူသောအသျှင်၊ မြင်တော်မူသောအသျှင်တည်း။ |
Ghazi Mohammad Hashim (အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း၊ အမိန့်တော်ပေးတော်မူလေသည်။ ဧကန်စင်စစ် အသင်တို့အား အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဩဝါဒတော်သည် အလွန်မွန်မြတ်လှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိ ကြားသိတော်မူသောအရှင်၊ ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို ခွဲခြားသိမြင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထံတွင်)အပ်နှံထားသောပစ္စည်းများကို* ထိုပစ္စည်းရှင်များထံသို့ ပြန်ပေးဆပ်ရန်နှင့် လူများကြားတွင် စီရင်ဆုံးဖြတ်သောအခါ မျှတစွာ စီရင်ဆုံးဖြတ်ကြရန် အသင်တို့အား အမိန့်ပေးတော်မူသည်။ အမှန်စင်စစ် အသင်တို့ကို အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဆုံးမဩဝါဒတော်သည် အလွန်မွန်မြတ်တော်မူလှသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |