Quran with Burmese translation - Surah An-Nisa’ ayat 59 - النِّسَاء - Page - Juz 5
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَ وَأُوْلِي ٱلۡأَمۡرِ مِنكُمۡۖ فَإِن تَنَٰزَعۡتُمۡ فِي شَيۡءٖ فَرُدُّوهُ إِلَى ٱللَّهِ وَٱلرَّسُولِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ ذَٰلِكَ خَيۡرٞ وَأَحۡسَنُ تَأۡوِيلًا ﴾
[النِّسَاء: 59]
﴿ياأيها الذين آمنوا أطيعوا الله وأطيعوا الرسول وأولي الأمر منكم فإن تنازعتم﴾ [النِّسَاء: 59]
Ba Sein ၅၉။ အို-ယုံကြည်သူတို့ အလ္လာဟ်အသျှင်မြတ်၊ အသျှင်မြတ်၏ တမန်တော်၊ သင်တို့အနက် စိုးမိုးအုပ်ချုပ် သူတို့ကို နာခံကြလော့။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို အမှန် ယုံကြည်ကြလျှင် သင်တို့သည် မည်သည့်ကိစ္စတွင်မဆို အငြင်းအခုံရှိသော် ၎င်းကိစ္စကို အလ္လာဟ်အသျှင်မြတ်နှင့် အသျှင်မြတ်၏တမန်တော်သို့ လွှဲအပ်ကြလော့။ ယင်းသို့ပြုမူခြင်းသည် သာလွန်ကောင်းမွန်၍ နောက်ဆုံးစွန်၌ သာလွန်လျောက်ပတ်၏။ |
Ghazi Mohammad Hashim အို- သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် တစုံတရာကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်၏ အထံတော်သို့လည်းကောင်း၊ ရစူလ်တမန်တော်၏ထံသို့လည်းကောင်း၊ ပြန်လည်၍ ပို့သကြလေကုန်။ ဤ (သို့ ပြုလုပ်ခြင်း) သည်ကား (အသင်တို့အဖို့ ဤမျက်မှောက်လောကီဘဝ၌) အမွန်မြတ်ဆုံးဖြစ်သည့်အပြင်၊ (နောင်တမလွန်ဘဝ၌လည်း) အကျိုးအာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြပါ။* ၎င်းပြင် အသင်တို့သည် ရစူလ်တမန်တော်၏အမိန့်တော်ကို လိုက်နာကြပါ။* ၎င်းပြင် အသင်တို့ထဲမှ အာဏာပိုင်များ၏အမိန့်ကို လိုက်နာကြပါ။* ထို့နောက် အသင်တို့သည် ကိစ္စတစ်စုံတစ်ခုနှင့်ပတ်သက်၍ အငြင်းပွားခဲ့လျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူများဖြစ်ကြလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်၏ထံသို့ ပြန်ပို့ကြပါ။* ဤသည် အကောင်းဆုံး(နည်းလမ်း)ဖြစ်သည့်အပြင် အကောင်းဆုံးနိဂုံးချုပ်လည်းဖြစ်သည်။ |