×

အမွေခွဲချိန်တွင် ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များနှင့်ဆင်းရဲနွမ်းပါးသူများ ရောက်လာခဲ့သော် ယင်း (အမွေ ဆိုင်ပစ္စည်းများ) မှပင် သူတို့ကို ကျွေးမွေးပြီး သူတို့အား (တရားတော်နှင့်အညီ) 4:8 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:8) ayat 8 in Burmese

4:8 Surah An-Nisa’ ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 8 - النِّسَاء - Page - Juz 4

﴿وَإِذَا حَضَرَ ٱلۡقِسۡمَةَ أُوْلُواْ ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينُ فَٱرۡزُقُوهُم مِّنۡهُ وَقُولُواْ لَهُمۡ قَوۡلٗا مَّعۡرُوفٗا ﴾
[النِّسَاء: 8]

အမွေခွဲချိန်တွင် ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များနှင့်ဆင်းရဲနွမ်းပါးသူများ ရောက်လာခဲ့သော် ယင်း (အမွေ ဆိုင်ပစ္စည်းများ) မှပင် သူတို့ကို ကျွေးမွေးပြီး သူတို့အား (တရားတော်နှင့်အညီ) ကောင်းမြတ်သော အပြောအဆိုဖြင့် ဆက်ဆံပြောဆိုကြလော့။

❮ Previous Next ❯

ترجمة: وإذا حضر القسمة أولو القربى واليتامى والمساكين فارزقوهم منه وقولوا لهم قولا, باللغة البورمية

﴿وإذا حضر القسمة أولو القربى واليتامى والمساكين فارزقوهم منه وقولوا لهم قولا﴾ [النِّسَاء: 8]

Ba Sein
၈။ အမွေခွဲဝေပေးသောအခါတွင် ဆွေမျိုးနည်းစပ်များ၊ မိဘမဲ့များ၊ သူဆင်းရဲများရောက်ရှိကြလျှင် သူတို့အား ပေးကမ်းကြလော့။ သူတို့အား ကြင်နာချိုသာသောစကားကို ဆိုကြလော့။
Ghazi Mohammad Hashim
၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မှောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည် ထိုသူတို့အားလည်း ယင်း (အမွေပစ္စည်း) ထဲမှ (အနည်းငယ်မျှ) ကြွေးမွေးပေးကမ်းကြကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ကောင်းမွန်စွာ ပြောဆိုကြလေကုန်။
Hashim Tin Myint
ထို့ပြင်(အ‌မွေ)ခွဲရာတွင် (အ‌မွေမရထိုက်‌သော)‌ဆွေမျိုးများ၊ အဘမဲ့က‌လေးများနှင့် ဆင်းရဲသားများသည် ‌ရှေ့တွင် အသင့်‌ရောက်လာသည်ဆိုလျှင် အသင်တို့သည် သူတို့အား ထို(အ‌မွေ)ထဲမှ ‌ကျွေး‌မွေး‌ပေးကမ်းကြပါ။* ထို့ပြင် အသင်တို့သည် သူတို့အား ‌ကောင်းမွန်စွာ ‌ပြောဆိုကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek