Quran with Burmese translation - Surah Ghafir ayat 11 - غَافِر - Page - Juz 24
﴿قَالُواْ رَبَّنَآ أَمَتَّنَا ٱثۡنَتَيۡنِ وَأَحۡيَيۡتَنَا ٱثۡنَتَيۡنِ فَٱعۡتَرَفۡنَا بِذُنُوبِنَا فَهَلۡ إِلَىٰ خُرُوجٖ مِّن سَبِيلٖ ﴾
[غَافِر: 11]
﴿قالوا ربنا أمتنا اثنتين وأحييتنا اثنتين فاعترفنا بذنوبنا فهل إلى خروج من﴾ [غَافِر: 11]
Ba Sein ၁၁။ ထိုအခါ ထိုသူယုတ်မာတို့က တင်လျှောက်မည်မှာ အို-အကျွန်ုပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အရှင်သည် အကျွနု်ပ်တို့အား နှစ်ကြိမ်နှစ်ခါသေစေတော်မူပါပြီ၊ နှစ်ကြိမ်နှစ်ခါရှင်စေတော်မူပါပြီ၊ ယခုအခါ အကျွနု်ပ်တို့သည် မိမိကျူးလွန်မိသောအပြစ်များကို ဝန်ချတောင်းပန်ပါ၏၊ ဤငရဲမှ ထွက်ပေါက်တစ်စုံတစ်ခုရှိပါ၏လော။ |
Ghazi Mohammad Hashim (ထိုရောအခါဝယ်)၎င်းတို့သည် (ဤသို့)လျှောက်ထား ပန်ကြားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှစ်ကြိမ်တိုင်တိုင် သူသေများအဖြစ်နှင့် ထားရှိတော်မူခဲ့ပါသည်။ ထိုနည်းတူစွာ အရှင်မြတ်သည် နှစ်ကြိမ်တိုင်တိုင် ကျွန်တော်မျိုးတို့အား အသက်ရှင်စေတော်မူခဲ့ပါသည်။ ယခုသော်ကား ကျွန်တော်မျိုးသည် မိမိတို့၏အပြစ်များကို ဝန်ခံကြပါပြီ။ သို့ဖြစ်ပါ၍ (ဤဒုက္ခမှ)လွတ်မြောက်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါ၏လော။ |
Hashim Tin Myint သူတို့က ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား သေသူများအဖြစ် နှစ်ကြိမ်ထားတော်မူခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ရှင်သူများအဖြစ်လည်း နှစ်ကြိမ်ထားတော်မူခဲ့ပါသည်။* ယခုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များကို ဝန်ခံကြပြီဖြစ်ပါသည်။ သို့ဖြစ်ရာ (ဤဒုက္ခမှ)လွတ်မြောက်ရန် နည်းလမ်းတစ်စုံတစ်ရာ ရှိပါသလော။ |