Quran with Burmese translation - Surah Ghafir ayat 12 - غَافِر - Page - Juz 24
﴿ذَٰلِكُم بِأَنَّهُۥٓ إِذَا دُعِيَ ٱللَّهُ وَحۡدَهُۥ كَفَرۡتُمۡ وَإِن يُشۡرَكۡ بِهِۦ تُؤۡمِنُواْۚ فَٱلۡحُكۡمُ لِلَّهِ ٱلۡعَلِيِّ ٱلۡكَبِيرِ ﴾
[غَافِر: 12]
﴿ذلكم بأنه إذا دعي الله وحده كفرتم وإن يشرك به تؤمنوا فالحكم﴾ [غَافِر: 12]
Ba Sein ၁၂။ သူတို့အား မိန့်တော်မူသည်မှာ ဤအဖြစ်သို့ ရောက်ရခြင်းကား တစ်ဆူတည်းအထီးထီး တည်တော်မူသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ရမည်ဟုဆိုသော အယူဝါဒကို သင်တို့လက်မခံ ငြင်းဆန်သောကြောင့် ဖြစ်၏၊ ထို့အပြင် အလ္လာဟ်အရှင်မြတ်နှင့် ဘုရားတုဘုရားယောင်များကို တွဲဖက်၍ ကိုးကွယ်သည့်အယူဝါဒ ကိုကား သင်တို့ယုံကြည်ခြင်းကြောင့်လည်းဖြစ်သည်၊ အမိန့်ထုတ်ပြန်ခြင်းသည် အတိုင်းထက်အလွန်မြင့်မြတ် ကြီးကျယ်သော အလ္လာဟ်အရှင်မြတ်၏ အရာသာဖြစ်၏။ |
Ghazi Mohammad Hashim ယင်း(ကဲ့သို့ ထာဝရ ပြစ်ဒဏ်ခံကြရခြင်း)၏အကြောင်းမှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ဟစ်ခေါ်တမ်းတခြင်း ခံရတော်မူသောအခါ၊ အသင်တို့သည် ငြင်းပယ်လေ့ရှိခဲ့ကြကုန်၏။ သို့ရာတွင်(တစ်စုံတစ်ရာကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ပါသော် အသင်တို့သည် ယုံကြည်လက်ခံလေ့ ရှိကြကုန်၏။ သို့ဖြစ်ပေရာ (ယခုသော်)စီရင်ဆုံးဖြတ်မှု(အာဏာ)သည် လွန်စွာမြင့်မြတ်ကြီးကဲလှတော်မူသော အလ္လာဟ်အရှင်မြတ်၌သာ ရှိချေသည်။ |
Hashim Tin Myint ထို(အပြစ်ဒဏ်ခံရခြင်း)သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအား ဟစ်ခေါ်ခံရသောအခါ အသင်တို့သည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်နှင့် တွဲဖက်ရန် ဟစ်ခေါ်ခံရသောအခါ၌မူ အသင်တို့သည် ယုံကြည်လက်ခံခဲ့ကြသည်။ သို့ဖြစ်ရာ စီရင်ဆုံးဖြတ်မှုသည် အလွန်မြင့်မားတော်မူသော၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ |