Quran with Burmese translation - Surah Ghafir ayat 15 - غَافِر - Page - Juz 24
﴿رَفِيعُ ٱلدَّرَجَٰتِ ذُو ٱلۡعَرۡشِ يُلۡقِي ٱلرُّوحَ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦ لِيُنذِرَ يَوۡمَ ٱلتَّلَاقِ ﴾
[غَافِر: 15]
﴿رفيع الدرجات ذو العرش يلقي الروح من أمره على من يشاء من﴾ [غَافِر: 15]
Ba Sein ၁၅။ အလ္လာဟ်အရှင်မြတ်သည် အတိုင်းထက်အလွန်မြင့်မြတ်တော်မူ၍ ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံသော ပလ္လင်တော်၏ အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအနက် အလိုတော်ရှိရာ ကျေးကျွန်ထံသို့ နှုတ်ကပတ်တော်ကို ချပေးတော်မူ၏၊ ယင်းကဲ့သို့ချပေးတော်မူခြင်းကား အရှင်မြတ်သည် လူသားအပေါင်းတို့အား စည်းဝေးပွဲကြီး နေ့တော်ကြီးအကြောင်းကို သတိပေးတော်မူဖို့ရာ ဖြစ်၏။ |
Ghazi Mohammad Hashim (ထိုအရှင်မြတ်သည်)ဂုဏ်ရည်အဆင့်အတန်းများကို မြှင့်ပေးတော်မူသော မြင့်မြတ်သော ဂုဏ်ရည်အဆင့်အတန်းများနှင့် ပြည့်စုံတော်မူသော "အရ်ရှ်"ပလ္လင်တော်ကိုစိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် "ဝဟ်ယ်" ထုတ်ပြန် ချက်တည်းဟူသော မိမိအမိန့်တော်ကို မိမိကျွန်တို့အနက်မှ မိမိအလိုရှိတော်မူသောသူ၏ အပေါ်ဝယ်ချပေးတော်မူ၏။ (ယင်းသို့ ချပေးတော်မူခြင်းမှာ) ထိုကျွန်သည် စုရုံးမည့်နေ့ (ဝါ) "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ (လူတို့အား) သတိပေးနှိုးဆော်အံ့သောငှာ ဖြစ်ပေသည်။ |
Hashim Tin Myint (အရှင်မြတ်သည်) အလွန်မြင့်မားသည့် အဆင်းအတန်းများကို ပိုင်ဆိုင်တော်မူသောအရှင်၊ အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်ပင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်၏အမိန့်တော်နှင့် ဝိညာဉ်(ဝဟီ)ကို အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိတော်မူသောသူအပေါ်တွင် ချပေးတော်မူခဲ့သည်။ (ထိုသို့ချပေးခြင်းမှာ) ထိုကျွန်သည် တွေ့ဆုံရမည့်(ကိယာမသ်)နေ့နှင့်ပတ်သက်၍ (လူများအား)သတိပေးနှိုးဆော်ရန်အတွက် ဖြစ်သည်။ |