×

ထို (တမလွန်တရား စီရင်မည့်) နေ့တွင် သူတို့သည် (ရှင်ပြန်ထ၍ အရှင်မြတ်၏) ရှေ့တော်မှောက်သို့ ထွက်လာကြပေမည်။ သူတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ 40:16 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:16) ayat 16 in Burmese

40:16 Surah Ghafir ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 16 - غَافِر - Page - Juz 24

﴿يَوۡمَ هُم بَٰرِزُونَۖ لَا يَخۡفَىٰ عَلَى ٱللَّهِ مِنۡهُمۡ شَيۡءٞۚ لِّمَنِ ٱلۡمُلۡكُ ٱلۡيَوۡمَۖ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ ﴾
[غَافِر: 16]

ထို (တမလွန်တရား စီရင်မည့်) နေ့တွင် သူတို့သည် (ရှင်ပြန်ထ၍ အရှင်မြတ်၏) ရှေ့တော်မှောက်သို့ ထွက်လာကြပေမည်။ သူတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖုံးကွယ်ထားစေနိုင်မည် မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က ''ယနေ့) ပကတိအချုပ်အခြာအာဏာ အလုံးစုံသည် မည်သူ့ထံ၌ ရှိသနည်း။''(ဟု မိန့်ကြားတော်မူ၍ အရှင်မြတ်သည်ပင်) ဧကောဒိတစ်ဆူတည်းဖြစ်တော်မူသော၊ (အရာခပ်သိမ်းအပေါ်) အနှိုင်းမဲ့ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ “ (ဟု ဖြေကြားလိမ့်မည်။)

❮ Previous Next ❯

ترجمة: يوم هم بارزون لا يخفى على الله منهم شيء لمن الملك اليوم, باللغة البورمية

﴿يوم هم بارزون لا يخفى على الله منهم شيء لمن الملك اليوم﴾ [غَافِر: 16]

Ba Sein
၁၆။ ထိုနေ့တော်ကြီး၌ လူသားအားလုံးထွက်လာကြရမည်၊ သူတို့နှင့်စပ်လျဉ်းသည့်အမှုအခင်းတစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖုံးကွယ်၍ မထားနိုင်ချေ၊ ထိုနေ့တော်ကြီးကို အဘယ်သူစိုးပိုင်သနည်း၊ တစ်ဆူတည်းအထီးထီး တည်တော်မူသောအရှင်၊ အနန္တတန်ခိုးတော်အရှင်၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင် တော်မူ၏။
Ghazi Mohammad Hashim
အကြင်နေ့တွင် ၎င်းတို့သည် (မိမိတို့၏သင်္ချိုင်းများအတွင်းမှ ထိုအရှင်မြတ်၏)ရှေ့တော်မှောက်သို့ ထွက်လာကြရပေမည်။ (ထိုနေ့တွင်) ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်၌ ဖုံးကွယ်၍ နေမည်မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က) "စိုးမိုးအုပ်ချုပ်သည့် အာဏာသည် ယနေ့ မည်သူ၌ ရှိချေသနည်း"(ဟုမိန့်ကြားတော်မူပေမည်။ တစ်ဖန် မိမိကိုယ်တော်တိုင်)တစ်ဆူတည်းဖြစ်တော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိသည် (ဟု မိန့်ကြားတော်မူပေမည်)။
Hashim Tin Myint
ထို‌နေ့တွင် သူတို့သည် (ဖန်ဆင်းရှင်‌ရှေ့၌) ‌ပေါ်လွင်ထင်ရှားလာမည်။ သူတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မည်သည့်အရာမျှ ဖုံးကွယ်‌နေခြင်းရှိမည် မဟုတ်‌ပေ။ “စိုးမိုးအုပ်ချုပ်မှုအာဏာသည် ယ‌နေ့ မည်သူ့ထံတွင် ရှိသနည်း“(ဟု မိန့်ကြား‌တော်မူမည်၊ ထို့ပြင် အရှင်မြတ်ကိုယ်တိုင် မိန့်ကြား‌တော်မူမည်) တစ်ပါးတည်းဖြစ်‌တော်မူ‌သော အဖန်ဆင်းခံအားလုံးအ‌ပေါ် လွှမ်းမိုးထား‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek