Quran with Burmese translation - Surah Ghafir ayat 18 - غَافِر - Page - Juz 24
﴿وَأَنذِرۡهُمۡ يَوۡمَ ٱلۡأٓزِفَةِ إِذِ ٱلۡقُلُوبُ لَدَى ٱلۡحَنَاجِرِ كَٰظِمِينَۚ مَا لِلظَّٰلِمِينَ مِنۡ حَمِيمٖ وَلَا شَفِيعٖ يُطَاعُ ﴾
[غَافِر: 18]
﴿وأنذرهم يوم الآزفة إذ القلوب لدى الحناجر كاظمين ما للظالمين من حميم﴾ [غَافِر: 18]
Ba Sein ၁၈။ အို-တမန်တော်၊ အမြဲနီးကပ်လာနေသောနေ့တော်ကြီးအကြောင်း သတိပေးလော့၊ ထိုနေ့တော်ကြီးရောက်လာ သောအခါ လူခပ်သိမ်းတို့၏ နှလုံးတို့သည် သူတို့၏ လည်မျိုကို ဆို့ကြလတ့ံ၊ ထိုနေ့တော်ကြီး၌ မတရားမှု ပြုသူအပေါင်းတို့မှာ အဆွေခင်ပွန်းဆို၍လည်း တစ်စုံတစ်ယောက်မျှမရှိ၊ သူတို့ကို အပြစ်မှ ချမ်းသာပေးပါရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းပန်နိုင်သူလည်း တစ်စုံတစ်ယောက်မျှရှိမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား နီးကပ်၍လာအံ့သော(ကိယာမတ်) နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ထိုရောအခါဝယ် စိတ်နှလုံးများမှာ လွန်စွာပူဆွေးသောကကို ချုပ်တည်းမျိုသိပ်လျက် လည်မျိုများသို့ ဆို့၍ လာကြပေမည်။ (ထိုနေ့တွင်) မတရားကျူးလွန်သူတို့၌ ရင်းနှီးသောမိတ်ဆွေဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ ဩဇာညောင်းသော ကြားဝင် အသနားခံပေးအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အသင်သည် သူတို့အား နီးကပ်လာသော(ကိယာမသ်)နေ့နှင့်ပတ်သက်၍ သတိပေးနှိုုးဆော်လိုက်ပါ။ ထိုအခါတွင် စိတ်နှလုံးများသည် ပူပင်သောကများကို အလွန်ချုပ်တည်းမျိုသိပ်လျက် လည်မျိုများထိပင် ဆို့တက်လာမည်။ မတရားကျူးလွန်သည့်သူများအတွက် ရင်းနှီးသောသူလည်း မည်သူမျှရှိမည် မဟုတ်ပေ။ ဩဇာညောင်းသော ကြားဝင်အသနားခံပေးမည့်သူလည်း မည်သူမျှရှိမည် မဟုတ်ပေ။ |