×

(ထိုစည်းဘောင်ကျူးလွန်သူ၊ သံသယပွားသူများဖြစ်ကြသော) သူတို့သည် (အရှင့်ထံတော်မှ) သူတို့ထံ မည်သည့် သက်သေအထောက်အထားနှင့်အခွင့်အာဏာ တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံနေကြ၏။ 40:35 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:35) ayat 35 in Burmese

40:35 Surah Ghafir ayat 35 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 35 - غَافِر - Page - Juz 24

﴿ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡۖ كَبُرَ مَقۡتًا عِندَ ٱللَّهِ وَعِندَ ٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ كُلِّ قَلۡبِ مُتَكَبِّرٖ جَبَّارٖ ﴾
[غَافِر: 35]

(ထိုစည်းဘောင်ကျူးလွန်သူ၊ သံသယပွားသူများဖြစ်ကြသော) သူတို့သည် (အရှင့်ထံတော်မှ) သူတို့ထံ မည်သည့် သက်သေအထောက်အထားနှင့်အခွင့်အာဏာ တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ စောဒကတက် ငြင်းခုံနေကြ၏။ (ထိုသို့ ဆင်ခြင်တုံတရားမဲ့စွာ အငြင်းသန်ခြင်းသည်) အလ္လာဟ်အရှင်မြတ်၏ အမြင် တော်၌လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၏အမြင်၌လည်းကောင်း၊ လွန်စွာကြီးလေးသော စက်ဆုပ်ရွံရှာဖွယ်ရာပင် ဖြစ်၏။ အလ္လာဟ်အရှင် မြတ်သည် ထိုနည်းအတိုင်းပင် ဘဝင်မြင့် မာန်မာနထောင်လွှားသူနှင့်နိုင်လိုမင်းထက်ပြမူသူတိုင်း စိတ်နှလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူ၏။

❮ Previous Next ❯

ترجمة: الذين يجادلون في آيات الله بغير سلطان أتاهم كبر مقتا عند الله, باللغة البورمية

﴿الذين يجادلون في آيات الله بغير سلطان أتاهم كبر مقتا عند الله﴾ [غَافِر: 35]

Ba Sein
၃၅။ အကြင်သူတို့သည် သူတို့ထံ ရောက်လာသောအလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကတော်များကို အကိုး အကားတစ်စုံတစ်ရာမရှိပဲ ငြင်းခုံကြ၏၊ ထိုငြင်းခုံမှုသည် အလ္လာဟ်အရှင်မြတ်ထံတော်၌လည်းကောင်း၊ ယုံကြည် သူတို့ထံ၌လည်းကောင်း၊ မနှစ်သက်စက်ဆုတ်ရွံရှာဖွယ်ရာဖြစ်၏၊ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မာနကြီးသော၊ ခေါင်းမာသော၊ ရွံရှာဖွယ်ဖြစ်သောစိတ်နှလုံးကို ယင်းကဲ့သို့မာမြင်းအောင် တံဆိပ်ခတ်နှိပ်တော် မူ၏။
Ghazi Mohammad Hashim
အကြင် (စည်းကမ်းကျူးလွန်သူ၊ ဒွိဟသံသယ၌ရှိနေ)သူတို့သည် မိမိတို့ထံ မည်သည့် သက်သေအထောက်အထား အကြောင်းပြချက် တစ်စုံတစ်ရာမျှပင် ရောက်လာခဲ့သည် မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် စပ်လျဉ်း၍ အငြင်းအခုန် ပြုကြကုန်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံ၌လည်းကောင်း၊ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ထံတော်၌လည်းကောင်း၊ စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် ဘဝင်မြင့်မာန်မာန ထောင်လွှားသူ၊ လွန်စွာဆိုးသွမ်းသူ၏ စိတ်နှလုံးတစ်ခုလုံးပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော် မူပေသတည်း။
Hashim Tin Myint
ထိုသူများသည် သူတို့ထံသို့‌ရောက်လာခဲ့‌သော သက်‌သေအ‌ထောက်အထားတစ်စုံတစ်ခုမပါဘဲ အလ္လာဟ်အရှင်မြတ်၏သက်‌သေသာဓကများနှင့်ပတ်သက်၍ အငြင်းအခုံပြုလုပ်ကြသည်။ (သို့ဖြစ်ရာ) အလ္လာဟ်အရှင်မြတ်ထံ‌တော်နှင့် အီမာန်ယုံကြည်သူများတွင် စက်ဆုပ်မှုအားဖြင့် လွန်စွာကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် မာန‌ထောင်သူ၊ ဆိုးသွမ်းသူ၏စိတ်နှလုံး‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek