Quran with Burmese translation - Surah Ghafir ayat 58 - غَافِر - Page - Juz 24
﴿وَمَا يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَلَا ٱلۡمُسِيٓءُۚ قَلِيلٗا مَّا تَتَذَكَّرُونَ ﴾
[غَافِر: 58]
﴿وما يستوي الأعمى والبصير والذين آمنوا وعملوا الصالحات ولا المسيء قليلا ما﴾ [غَافِر: 58]
Ba Sein ၅၈။ မျက်စိကန်းသူတို့နှင့် မျက်စိအလင်းရသူတို့သည် ထပ်တူထပ်မျှမဟုတ်သကဲ့သို့ ယုံကြည်လျက် ကောင်းမှုပွားသူ တို့နှင့် ဒုစရိုက်မကောင်းမှုကျူးလွန်သူတို့သည်လည်း ထပ်တူထပ်မျှမဟုတ်ချေ၊ သို့ပါလျက်သင်တို့သည် အနည်း ငယ်မျှမစဉ်းစားကြချေ၊ မှတ်သားကြလော့၊ အချိန်တော်ကြီးသည် မုချဧကန်ဆိုက်ရောက်လာမည်၊ ယုံမှားစရာ လုံးဝမရှိချေ၊ သို့သော်လည်း များစွာသောလူသားတို့သည် မယုံကြည်ကြချေ။ |
Ghazi Mohammad Hashim ထို့ပြင် မျက်မမြင်နှင့် စက္ခုအလင်းရသောသူတို့သည် မတူကြပြီ။ ထိုနည်းတူစွာ "အီမာန်" သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့နှင့် မကောင်းမှုကို ကျူးလွန်သောသူတို့သည်လည်း မတူကြပေ။ (စင်စစ်မှာကား) အသင်တို့သည် အနည်းငယ်မျှသာ ဆင်ခြင်ကြပေသည်။ |
Hashim Tin Myint ထို့ပြင် မျက်မမြင်နှင့် မျက်မြင်သည် မတူကြပေ။ ထို့ပြင် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်သည့်သူများနှင့် မကောင်းမှုကို ကျူးလွန်သည့်သူများသည်လည်း မတူကြပေ။ အသင်တို့သည် အနည်းငယ်သာ သတိတရား ရကြသည်။ |