×

ထို့နောက် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတဖြစ်တည်မှု) ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် 40:67 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:67) ayat 67 in Burmese

40:67 Surah Ghafir ayat 67 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 67 - غَافِر - Page - Juz 24

﴿هُوَ ٱلَّذِي خَلَقَكُم مِّن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ مِنۡ عَلَقَةٖ ثُمَّ يُخۡرِجُكُمۡ طِفۡلٗا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡ ثُمَّ لِتَكُونُواْ شُيُوخٗاۚ وَمِنكُم مَّن يُتَوَفَّىٰ مِن قَبۡلُۖ وَلِتَبۡلُغُوٓاْ أَجَلٗا مُّسَمّٗى وَلَعَلَّكُمۡ تَعۡقِلُونَ ﴾
[غَافِر: 67]

ထို့နောက် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတဖြစ်တည်မှု) ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် ကလလရေကြည် တစ်စက်မှလည်းကောင်း တစ်ဖန် (သားအိမ်နံရံတွင်) တွယ်ကပ်နေသည့် အတုံးအဖုအဖြစ်လည်းကောင်း၊ ထို့နောက် လူမမည်နို့စို့ကလေးအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် သင်တို့သည် သင်တို့၏စွမ်းရည်သတ္တိပြည့်ဝသော လူလားမြောက်သည့် အရွယ်သို့ရောက်စေတော်မူပြီးနောက် တစ်ဖန် (သက်တမ်းအတိုင်းအတာတစ်ခုအထိ အသက်ရှင်စေလျက်) ဇရာအိုအရွယ် သက်ကြီးပိုင်းသို့ရောက်စေတော်မူ၏။ သင်တို့အနက် အချို့သည် ထိုအရွယ် မတိုင်မီ သေစေတော်မူခြင်းခံကြရ၏။ သင်တို့သည် (ဆင်ခြင်တုံ တရားကိုသုံး၍) တွေးခေါ်သိမြင်နားလည်နိုင် ကြရန်အလို့ငှာ သင်တို့အား သတ်မှတ်ပြဌာန်းပြီးဖြစ်သော ကာလအတိုင်းအတာတစ်ခုသို့ ရောက်စေတော်မူ၏။

❮ Previous Next ❯

ترجمة: هو الذي خلقكم من تراب ثم من نطفة ثم من علقة ثم, باللغة البورمية

﴿هو الذي خلقكم من تراب ثم من نطفة ثم من علقة ثم﴾ [غَافِر: 67]

Ba Sein
၆၇။ အို-လူသားအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို မြေမှုန့်မှ၊ ထို့နောက်ကလကရေကြည်မှ၊ ထို့နောက် သွေးခဲဥတစ်ခုမှ တစ်ဆင့်ပြီးတစ်ဆင့် အစဉ်အလာအတိုင်းဖန်ဆင်းတော်မူ၏၊ ထို့နောက်သင်တို့ကို သူငယ် အဖြစ်သို့ ရောက်စေတော်မူ၏၊ အမိဝမ်းတွင်းမှ အပြင်သို့ ထုတ်ယူ၍ ခွန်အားဗလနှင့်ပြည့်စုံသောအရွယ်ရောက် အောင် မွေးမြူစောင့်ထိန်းတော်မူ၏၊ ထို့နောက်သင်တို့ကို အိုမင်းရင့်ရော်မှည့်ပျော်သောအရွယ်သို့ ရောက်အောင် မွေးမြူတော်မူ၏၊ သင်တို့အနက် အချို့သူတို့ကို သက်ရွယ်မကြီးပြင်းမီ ငယ်ရွယ်စဉ်ကပင် သေဆုံးစေတော်မူ၏၊ အချို့ကို ပိုင်းခြားသတ်မှတ်ထားသောနေ့ရက်တိုင်အောင် အသက်ရှင်နေစေတော်မူ၏၊ ယင်းအချက်များက သင်တို့အသိတရားရစိမ့်သောငှာဖြစ်ကြ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည်ဖြင့် ထို့နောက် သွေးခဲဖြင့်၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးသူငယ်များအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏လူလားမြောက်အရွယ်ရောက်သော အချိန်ကာလတိုင်အောင် ရောက်ရှိကြအံ့သောငှာ(အသက်ရှင်စေတော်မူ၏)။ ထို့နောက်တစ်ဖန် အသင်တို့သည် ဇရာအိုများအရွယ်သို့ ရောက်ရှိကြအံ့သောငှာ (အသက်ရှင်စေတော်မူ၏)။ ၎င်းပြင် အသင်တို့အနက်(လူလားမြောက်ခြင်း အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ်သို့လည်းကောင်း၊ မရောက်မီ) ရှေးဦးမဆွ၌ပင် သေဆုံးကြရသူများလည်း ရှိကြပေသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိအံ့သောငှာလည်းကောင်း၊ အသင်တို့သည် သိနားလည်ကြအံ့သောငှာလည်းကောင်း၊(ထိုအရှင်မြတ်သည် အသင်တို့အား ရွှေ့ဆိုင်းထားတော်မူ၏။)
Hashim Tin Myint
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အား ‌မြေကြီးဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် သုက်ရည်ဖြင့်၊ ထို့‌နောက် ‌သွေးခဲဖြင့်၊ ထို့‌နောက် အရှင်မြတ်သည် အသင်တို့အား က‌လေးသူငယ်အဖြစ်ဖြင့် ထွက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့သည် လူလား‌မြောက်အရွယ်‌ရောက်သည့်အချိန်ထိ ‌ရောက်ရှိ‌စေရန်အတွက် (အသက်ရှင်‌စေ‌တော်မူခဲ့သည်)။ ထို့‌နောက် အသင်တို့သည် အိုမင်းရင့်‌ရော်သည့်အရွယ်ကို ‌ရောက်ရှိ‌စေရန်အတွက် (အသက်ရှင်‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အသင်တို့ထဲမှ (ထိုအရွယ်များထိမ‌ရောက်ဘဲ) ယခင်ကတည်းက ‌သေဆုံးကြရသူများလည်း ရှိကြသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ထားသည့်အချိန်ထိ ‌ရောက်‌အောင်အတွက်နှင့် သိနားလည်ကြရန်အတွက် (အရှင်မြတ်က အချိန်ကာလကို ဆိုင်းငံ့‌ပေးထား‌တော်မူသည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek