Quran with Burmese translation - Surah Fussilat ayat 35 - فُصِّلَت - Page - Juz 24
﴿وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُواْ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٖ ﴾
[فُصِّلَت: 35]
﴿وما يلقاها إلا الذين صبروا وما يلقاها إلا ذو حظ عظيم﴾ [فُصِّلَت: 35]
Ba Sein ၃၅။ ယင်းသို့ကောင်းမြတ်သောဂုဏ်ထူးကို သည်းခံခြင်းတရားရှိ၍ မိမိကိုယ်ကို မိမိချုပ်တည်းသောသူတို့မှတပါး အခြားလူသာမန်တို့ရနိုင်ကြမည်မဟုတ်၊ ထိုဂုဏ်ထူးကို ကံအလွန်ထူးချွန်သူမှတပါး အခြားသူများမရရှိနိုင်ချေ။ |
Ghazi Mohammad Hashim သို့တစေလည်း ယင်းကောင်းမြတ်သောနည်းဟူသည် သည်းခံသောသူတို့သာလျှင် ပေးသနားခြင်း ခံကြရပေသည်။ ထိုနည်းတူစွာ ယင်းကောင်းမြတ် သောနည်းဟူသည်ကြီးကျယ်စွာသော ဝေစုဝေပုံကို ပိုင်ဆိုင်သောသူသည်သာ ပေးသနားခြင်းကို ခံရလေသည်။ |
Hashim Tin Myint ထို့ပြင် ထိုအကောင်းဆုံးနည်းလမ်းသည် သည်းခံသည့်သူများသာ ပေးသနားခြင်းခံကြရသည်။ ထို့ပြင် ထိုအရာကို ကြီးကျယ်သော နဖူးစာရှင်သာ ပေးသနားတော်မူခြင်းခံရသည်။ |