×

(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များနှင့်ကမ္ဘာမြေ၏မူလဇစ်မြစ်ကို (ယင်းတို့၏သီးခြား အင်္ဂါရပ် ကိုယ်စီနှင့်စီစဉ်ကျနမှုကိုယ်စီဖြင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော 42:11 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:11) ayat 11 in Burmese

42:11 Surah Ash-Shura ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 11 - الشُّوري - Page - Juz 25

﴿فَاطِرُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا وَمِنَ ٱلۡأَنۡعَٰمِ أَزۡوَٰجٗا يَذۡرَؤُكُمۡ فِيهِۚ لَيۡسَ كَمِثۡلِهِۦ شَيۡءٞۖ وَهُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ﴾
[الشُّوري: 11]

(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များနှင့်ကမ္ဘာမြေ၏မူလဇစ်မြစ်ကို (ယင်းတို့၏သီးခြား အင်္ဂါရပ် ကိုယ်စီနှင့်စီစဉ်ကျနမှုကိုယ်စီဖြင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များအနက်မှ သင်တို့အတွက် ဘဝဖော်များကို ဖြစ်စေတော်မူပြီး တိရိစ္ဆာန်များတွင်လည်း အလားတူ (စုံတွဲ၊ အပေါင်းအဖော်များ) ဒွယံဒွယံ ဖြစ်စေတော်မူ၏။ ထိုသို့ဖြစ်စေတော်မူခြင်းအားဖြင့် ထိုအ ရှင်မြတ်သည် (သက်ရှိ တိရိစ္ဆာန်များအပါအဝင်) သင်တို့အား ဆတထမ်းပိုး တိုးတက်ပြန့်ပွားစေတော်မူ၏။ ထိုအ ရှင်မြတ်နှင့်တုနှိုင်း နိုင်သောအရာဟူ၍ မည်သည့် တစ်စုံတစ်ရာမျှပင် အလျှင်း မရှိချေ။ ထိုအရှင်မြတ်သည်ပင် အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ ကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: فاطر السموات والأرض جعل لكم من أنفسكم أزواجا ومن الأنعام أزواجا يذرؤكم, باللغة البورمية

﴿فاطر السموات والأرض جعل لكم من أنفسكم أزواجا ومن الأنعام أزواجا يذرؤكم﴾ [الشُّوري: 11]

Ba Sein
၁၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်အလုံးစုံကို ဖန်ဆင်းတော်မူသောအရှင်၊ အရှင်မြတ်သည် သင်တို့ကိုသော်လည်း ကောင်း၊ ခြေလေးချောင်းသတ္တဝါတို့ကိုသော်လည်းကောင်း၊ ဖိုနှင့်မအစုံစုံဖန်ဆင်းတော်မူ၏၊ ဤနည်းအားဖြင့် အရှင်မြတ်သည် သင်တို့အား ပွားများစေတော်မူ၏၊ အရှင်မြတ်သည် အတုမရှိမနှိုင်းယှဉ်အပ်ဖြစ်တော်မူ၏၊ အကြွင်းမဲ့ကြားတော်မူသောအရှင် အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။ ထိုနည်းတူစွာ ခြေလေးချောင်း တိရစ္ဆာန်တို့၏ စုံတွဲများကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား ပြန့်ပွားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Hashim Tin Myint
(အရှင်မြတ်သည်)မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ အရှင်မြတ်ပင် အသင်တို့အတွက် အသင်တို့၏ အမျိုးအစားထဲမှပင် ကြင်ရာများကိုဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲမှ စုံတွဲများကိုလည်း ဖန်ဆင်း‌တော်မူခဲ့၍ အသင်တို့အား ထို(စုံတွဲများ၏)အ‌ကြောင်းခံဖြင့် ပြန့်ပွားများပြား‌စေ‌တော်မူခဲ့သည်။ အရှင်မြတ်နှင့် တူသည့်အရာ မည်သည့်အရာမျှမရှိ‌ပေ။ အရှင်မြတ်သည် အကြွင်းမဲ့ ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek