Quran with Burmese translation - Surah Ash-Shura ayat 14 - الشُّوري - Page - Juz 25
﴿وَمَا تَفَرَّقُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ إِلَىٰٓ أَجَلٖ مُّسَمّٗى لَّقُضِيَ بَيۡنَهُمۡۚ وَإِنَّ ٱلَّذِينَ أُورِثُواْ ٱلۡكِتَٰبَ مِنۢ بَعۡدِهِمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ ﴾
[الشُّوري: 14]
﴿وما تفرقوا إلا من بعد ما جاءهم العلم بغيا بينهم ولولا كلمة﴾ [الشُّوري: 14]
Ba Sein ၁၄။ လူသားတို့သည် တရားအလင်းရောင်တော်ထွန်းလင်းလာမှသာလျှင် အချင်းချင်းကွဲပြားခြားနာခြင်းကို ပြုကြ၏၊ မနာလိုဝန်တိုမှုကြောင့် ထိုကဲ့သို့ကွဲပြားကြ၏၊ သတ်မှတ်ထားတော်မူသောအချိန်ကုန်သည့်တိုင်အောင် သူတို့အား ဆိုင်းင့ံထားတော်မူမည်ဟု သင်၏အသက်သခင်ကျေးဇူးရှင်ကြီးသည် ကတိသစ္စာပေးထားတော်မမူခဲ့ပါလျှင် သူတို့၏ ကွဲလွဲမှုများကို မှန်ကန်စွာဆုံးဖြတ်ပြီးမည်သာတည်း၊ သို့သော်သူတို့နောက်မှ တောင်ရသ်ကျမ်းတော် ကို အမွေရသူတို့သည် ထိုကျမ်းတော်ကို ယုံမှားသံသယဒွဟကြီးသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim အမှန်စင်စစ်သော်ကား ၎င်းတို့မှာ မိမိတို့ထံသို့(တိကျမှန်ကန်သော)အသိပညာ ရောက်ရှိ၍လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း မနာလိုမှုကြောင့် အုပ်စုကွဲခဲ့ကြကုန်၏။ စင်စစ်မှာကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သတ်မှတ်ထားသည့်အချိန်ထိ(လျစ်လျူပြုထားရန် ရှေးဦးမဆွကပင် အမိန့်တော်တစ်ရပ်အတည်မဖြစ်ခဲ့ပါလျှင် ၎င်းတို့အကြားဝယ် အမှန်ပင် စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့နောက်တွင် ကျမ်းဂန်ကို ပိုင်ဆိုင်စေခြင်းခံခဲ့ကြရသော သူတို့မှာမူကား ယင်းသာသနာတော်နှင့်စပ်လျဉ်း၍ ဝိစိကိစ္ဆာဖြစ်စေသော ဒွိဟသံသယ၌ ရှိနေကြကုန်သတည်း။) |
Hashim Tin Myint ထို့ပြင် သူတို့သည် သူတို့ထံသို့ အသိပညာရောက်လာပြီးနောက်မှပင် သူတို့အချင်းချင်း မနာလိုမှုကြောင့် အုပ်စုကွဲခဲ့ကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ သတ်မှတ်ထားသည့်အချိန်အထိ (ဆိုင်းငံ့ထားရန်)ယခင်ကတည်းက အမိန့်တော်တစ်ခုသည် အတည်မဖြစ်ခဲ့လျှင် သူတို့အကြားတွင် အမှန်ပင်စီရင်ဆုံးဖြတ်ခဲ့ပြီးဖြစ်မည်ပင်။ ထို့ပြင် အမှန်စင်စစ် သူတို့နောက်တွင် ကျမ်းဂန်အမွေရရှိလိုက်သည့်သူများသည် ယုံမှားမှုဖြစ်စေသော သံသယထဲတွင်အမှန်ပင် ရှိနေကြသည်။ |