×

(အသင်မတိုင်မီ တမန်တော်များထံ အမှန်တရားသစ္စာ ချမှတ်ပေးအပ်တော်မူခဲ့၏) ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့လည်း မိခင်ရွာ (ဖြစ်သော မက္ကဟ်မြို့) 42:7 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:7) ayat 7 in Burmese

42:7 Surah Ash-Shura ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 7 - الشُّوري - Page - Juz 25

﴿وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ قُرۡءَانًا عَرَبِيّٗا لِّتُنذِرَ أُمَّ ٱلۡقُرَىٰ وَمَنۡ حَوۡلَهَا وَتُنذِرَ يَوۡمَ ٱلۡجَمۡعِ لَا رَيۡبَ فِيهِۚ فَرِيقٞ فِي ٱلۡجَنَّةِ وَفَرِيقٞ فِي ٱلسَّعِيرِ ﴾
[الشُّوري: 7]

(အသင်မတိုင်မီ တမန်တော်များထံ အမှန်တရားသစ္စာ ချမှတ်ပေးအပ်တော်မူခဲ့၏) ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့လည်း မိခင်ရွာ (ဖြစ်သော မက္ကဟ်မြို့) နှင့်ယင်း၏ပတ်ဝန်းကျင်မြို့ ရွာဒေသများ (ဖြစ်ကြသော ကမ္ဘာ့နိုင်ငံအသီးသီး) တွင် နေထိုင်ကြသူတို့အား သတိပေးနှိုးဆော်ရန်အလို့ငှာလည်းကောင်း၊ ထို့ပြင် ဒွိဟသံသယ အလျှင်းမရှိသော ( ရှင်ပြန်ထမည့်) နေ့နှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ရန်အလို့ငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချမှတ်ပေးအပ် တော်မူ၏။ (သူတို့အနက်) အုပ်စုတစ်စုသည် သုခဘုံဥယျာဉ်၌ရှိကြပြီး နောက်အုပ်စုတစ်စုမှာမူကား ငရဲဘုံ၌ (ရှိကြလိမ့်မည်)။

❮ Previous Next ❯

ترجمة: وكذلك أوحينا إليك قرآنا عربيا لتنذر أم القرى ومن حولها وتنذر يوم, باللغة البورمية

﴿وكذلك أوحينا إليك قرآنا عربيا لتنذر أم القرى ومن حولها وتنذر يوم﴾ [الشُّوري: 7]

Ba Sein
၇။ ငါသည် သင့်ထံသို့ ကုရ်အာန်ကျမ်းမြတ်ကို အာရဗီဘာသာဖြင့် ချပေးသနားတော်မူ၏၊ သင်သည် မြို့ရွာအပေါင်း တို့၏ မိခင်ဖြစ်သောမက္ကာဟ်ရွေမြို့တော်နှင့် ၎င်းပတ်ဝန်းကျင်တွင် တရားဟောပြောသတိပေး၍ ယုံမှားသင်္ကာ ကင်းသောညီလာခံနေ့တော်ကြီးအကြောင်းကို ဟောပြောသတိပေးဖို့ရာအတွက်ဖြစ်၏၊ ထိုနေ့ဆိုက်ရောက်လာ သောအခါ အချို့သောသူတို့သည် နိဗ္ဗာန်ဥယျာဉ်တော်၌ ရှိကြလတ့ံ၊ အချို့မှာမူကား ငရဲမီးတောက်မီးလျှံအတွင်း ၌ ရှိကြရလတံ့။
Ghazi Mohammad Hashim
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့ထံသို့ အသင်သည် (ဦးစွာပထမ)မက္ကဟ်မြို့(သားတို့) ကိုလည်းကောင်း၊ ယင်းမက္ကဟ်မြို့၏ ပတ်ဝန်းကျင်(၌နေထိုင်သူတို့)ကိုလည်းကောင်း၊ သတိပေး နှိုးဆော်အံ့သောငှာ၊ ထို့ပြင် ဒွိဟသံသယ အလျှင်းမရှိသော (ကိယာမတ် ရှင်ပြန်ထမည့်)နေ့နှင့်စပ်လျဉ်း၍ အသိပေး နှိုးဆော်အံ့သောငှာလည်းကောင်း၊ အရဗီဘာသာစကားဖြင့်ဖြစ်သော (ဤ)ကုရ်အာန်ကျမ်းတော် မြတ်ကိုထုတ်ပြန်တော်မူခဲ့၏။ (၎င်းတို့အနက်) အုပ်စု တစ်စုမှာဂျန္နတ် သုခဘုံသို့ (လား၍) အုပ်စုတစ်စု မှာကား ဂျဟန္နမ်ငရဲဘုံသို့ (လားကြပေမည်)။
Hashim Tin Myint
ဤသို့ပင် ငါအရှင်မြတ်သည် အသင့်ထံသို့ အရဗီဘာသာစကားဖြင့်ဖြစ်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို ထုတ်ပြန်ပို့ချ‌တော်မူခဲ့သည်။ အသင်သည် မက္ကဟ်နှင့် ၎င်း၏အနီးပတ်ဝန်းကျင်တွင် ရှိသူများအား သတိ‌ပေးနှိုး‌ဆော်ရန်အတွက်နှင့် သံသယဖြစ်စရာမရှိ‌သော (ကိယာမသ်)စုရုံးရမည့်‌နေ့ကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက် (ဤကျမ်းကို ထုတ်ပြန်ပို့ချ‌တော်မူခဲ့ခြင်းဖြစ်သည်)။ (သူတို့ထဲမှ)အုပ်စုတစ်ခုသည် ဂျန္နသ်သုခဘုံတွင်ရှိမည်ဖြစ်၍ အုပ်စုတစ်ခုသည် ဂျဟန္နမ်ငရဲဘုံတွင်ရှိလိမ့်မည်။ ###၄
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek